


Credit – Cele Zone
Photo – Aung Htet

အိမ်မက်ဆုံရာ မှာ ( winner ) ဆုကြီးကို ပိုင်ဆိုင်ခဲ့ ပြီး ပရိတ်သတ်များ ရဲ့ အချစ် ကို ခုချိန်ထိ အခိုင်အမာ ရရှိနေသူကတော့ အောင်ထက် ပါ ။သူဟာ သီချင်းများကို အသံပါဝါ ကောင်းကောင်း နဲ့ ကောင်းမွန်အောင် ဖန်တီး သီဆိုနိုင်တဲ့ အရည်အချင်းရှိ တဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။နောက်ပိုင်း မှာ ကိုယ်ပိုင်သံစဉ်သီချင်း စာသားများ နဲ့ ဖန်တီးထားတဲ့ သီချင်းအပုဒ် တိုင်းကလည်း ပရိတ်သတ်တွေ ကြား ရေပန်းစား လူကြိုက်များခဲ့တာပါ ။

အောင်ထက် ဟာ သီချင်း အပုဒ်တိုင်း ကို ပရိတ်သတ်တွေ နားထဲ ရောက်အောင် ဖန်တီးနိုင် တဲ့ အဆိုတော် တစ်ဦးဆိုလည်း မမှားပါဘူး ။ဒါ့အပြင် အဆွေး သီချင်းလေးတွေ အချစ် သီချင်းလေး တွေနဲ့ ပရိသတ်တွေ ရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ အောင်ထက် ကတော့ ယခုမှာ သီချင်းသစ်တွေ ထွက်ရှိဖို့ ကြိုးစားနေ သူတစ်ယောက်ဖြစ်ပါတယ်။

အလုပ်တွေကို ကြိုးစား လုပ်ကိုင်သလို မိဘ ကိုလည်း သိတတ်ပြီး လုပ်ကျွေး ပြုစုနေတဲ့ သားအလိမ္မာလေး ဆိုလည်း မမှားပါဘူးနော် ။ အခုလည်း ခရစ္စမတ်နေ့လေးမှာ Santa Claus ပုံစံရုပ် ဖျက်ပြီး ချစ်မေမေ လိုချင်နေတဲ့ ပစ္စည်းလေး ကို Suprise လုပ်ကာ ပေးခဲ့တဲ့ ကြည်နူးစရာ ဗီဒီယို လေးကိုဖော်ပြထားတာ တွေ့ရပါတယ် ။ဗီဒီယိုလေး ထဲမှာ အတိုင်းမသိ မျက်နှာမှာ ပျော်ရွှင်မှုတွေ အပြည့်အထင်းသား ပေါ်နေတဲ့ အောင်ထက် မိခင်ကို ကြည့်ပြီး ကိုယ်ပါ အပျော်တွေ ကူးစက်မိတာအမှန်ပါပဲ။ ပရိသတ်ကြီးလည်း အောင်ထက် တို့ သားအမိ နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနို င်စေရန် မျှဝေပေးလိုက်ပါရစေ ။

Credit – Cele Zone
Photo – Aung Htet