ခုခ်ိန္ကာလမွာ ရင္ဆိုင္ၾကံဳေတြ႔ေနရတဲ့ စိတ္မြန္းၾကပ္မႈေတြကို ေျပေပ်ာက္ေအာင္ စိတ္ထြတ္ေပါက္ျဖစ္ေစမဲ့ သူမရဲ႕နည္းလမ္းေလးတစ္ခ်ိဳ႔ကို မွ်ေ၀လာတဲ့ ေခ်ာရတနာ

သားလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွ သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားဆဲ မင်းသမီးကတော့ ချောရတနာပဲ ဖြစ်ပါတယ်။ သူမကတော့ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပြည်သူတွေရဲ့ လိုအပ်ချက်တစ်ချို့ကို ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် စိတ်မွန်းကြပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေ များစွာရှိနေကြတာ ဖြစ်ပါတယ်။

​သူတို့ရဲ့ မွန်းကြပ်မှုတွေကို ပြေပျောက် စေရန် စိတ်အပန်းဖြေမှု နည်းလမ်းတွေကို ရှာဖွေနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် ချောရတနာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူမကိုယ်တိုင်မွန်းကြပ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ပြုလုပ်လေ့ ရှိတဲ့ အရာများကို ပရိသတ်တွေ အား ပြန်လည် ရေးသား ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ” အခုချိန်မှာလူတိုင်းစိတ်တွေမွန်းကြပ်နေတာပါ။

မွန်းကြပ်နေတဲ့စိတ်​တွေကိုဖြေဖျောက်ဖို့ စိတ်ခွန်အားဖြစ်စေမဲ့စာတွေဖတ်တယ် ။ ကိုယ်ဖတ်လို့ အသိခွန်အားရရင် ချစ်တဲ့သူတွေလည်း ရစေချင်တဲ့စိတ်နဲ့ Share ပေးတယ်။ ပန်းပင်လေးတွေ စိုက်တယ် ပန်းလေးတွေပွင့်တော့ပီတိဖြစ်ရတယ်။ အခုလိုစိတ်ထွက်ပေါက်အမျိုးမျိုးရှာရတာပေါ့နော်။ တစ်ခါတလေ အရမ်းမွန်းကျပ်လို့ ငိုချင်လာရင်အားရပါးရငိုချလိုက်တယ်။ ဒီကာလ ဘယ်သူမှ မပျော်ရွှင်ပေမယ့် စိတ်ဓာတ်တွေမကျအောင် စိတ်သက်သာရာ ရအောင်တော့ကြိုးစားနေထိုင်ရမှာပဲလေနော်။

ဪ အဓိကပြောချင်တာက ကျွန်မဘုရားနေ့တိုင်း ဝတ်ပြုဆုတောင်းပေမယ့်🙏🏻🙏🏻🙏🏻ခန္တီ ပါရမီတော့ အားမကောင်းသေးဘူးရှင့် 🙄အသိသတိတော့ကပ်ပါကိုယ့် ကိုကိုယ်ပြောတာပါ😖 ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်များကလည်း မိဘကျေးဇူး ကို သိတတ်ပြီး ငယ်စဉ်ကတည်းက ဘာသာရေးကိုင်းရှိုင်းလွန်းတဲ့ ချောရတနာကြုံတွေ့နေရတဲ့ စိတ်ဆင်းရဲမှုတွေ အမြန်ဆုံး ကင်းဝေးပါစေလို့ ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။ ဒီကာလမှာ လူတိုင်းရဲ့စိတ်တွေက အတက်အကျ အရမ်း ကို မြန်ဆန်နေကြတာ ဖြစ်ပါတယ်။ အားလုံး ခံစားနေရတဲ့ အရာတွေ အမြန်ဆုံး ကင်းဝေးပပျောက်ကာ အရင်လို ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ပြန်လည်ရရှိကြပါစေလို့ဆုတောင်းပေး လိုက်ရပါ တယ်နော်။

Source and Photo Crd-Chaw Yadanar’s Facebook Account

သားေလးေမြးဖြားၿပီးေနာက္ပိုင္း အႏုပညာ လႈပ္ရွားမႈတြ သိပ္မလုပ္ျဖစ္ေတာ့ေပမယ့္လည္း ပရိသတ္ေတြရဲ့အားေပးမႈကို ရရွိထားဆဲ မင္းသမီးကေတာ့ ေခ်ာရတနာပဲ ျဖစ္ပါတယ္။ သူမကေတာ့ ျပည္သူေတြနဲ႔အတူ ဓမၼဘက္ကေန အခိုင္အမာရပ္တည္ခဲ့သူ တစ္ဦး ျဖစ္ပါတယ္။ တတ္နိုင္တဲ့ အခန္းက႑ကေန ျပည္သူေတြရဲ့ လိုအပ္ခ်က္တစ္ခ်ိဳ႕ကို ကူညီေပးေနတာလည္း ျဖစ္ပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနမ်ားေၾကာင့္ စိတ္မြန္းၾကပ္မႈေတြနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ေနရသူေတြ မ်ားစြာရွိေနၾကတာ ျဖစ္ပါတယ္။

​သူတို႔ရဲ့ မြန္းၾကပ္မႈေတြကို ေျပေပ်ာက္ ေစရန္ စိတ္အပန္းေျဖမႈ နည္းလမ္းေတြကို ရွာေဖြေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သ႐ုပ္ေဆာင္ ေခ်ာရတနာရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ သူမကိုယ္တိုင္မြန္းၾကပ္မႈေတြနဲ႔ ၾကဳံေတြ႕ရတဲ့အခါ ျပဳလုပ္ေလ့ ရွိတဲ့ အရာမ်ားကို ပရိသတ္ေတြ အား ျပန္လည္ ေရးသား ေဝမၽွေပးထားတာ ျဖစ္ပါတယ္။ ” အခုခ်ိန္မွာလူတိုင္းစိတ္ေတြမြန္းၾကပ္ေနတာပါ။

မြန္းၾကပ္ေနတဲ့စိတ္​ေတြကိုေျဖေဖ်ာက္ဖို႔ စိတ္ခြန္အားျဖစ္ေစမဲ့စာေတြဖတ္တယ္ ။ ကိုယ္ဖတ္လို႔ အသိခြန္အားရရင္ ခ်စ္တဲ့သူေတြလည္း ရေစခ်င္တဲ့စိတ္နဲ႔ Share ေပးတယ္။ ပန္းပင္ေလးေတြ စိုက္တယ္ ပန္းေလးေတြပြင့္ေတာ့ပီတိျဖစ္ရတယ္။ အခုလိုစိတ္ထြက္ေပါက္အမ်ိဳးမ်ိဳးရွာရတာေပါ့ေနာ္။ တစ္ခါတေလ အရမ္းမြန္းက်ပ္လို႔ ငိုခ်င္လာရင္အားရပါးရငိုခ်လိုက္တယ္။ ဒီကာလ ဘယ္သူမွ မေပ်ာ္ရႊင္ေပမယ့္ စိတ္ဓာတ္ေတြမက်ေအာင္ စိတ္သက္သာရာ ရေအာင္ေတာ့ႀကိဳးစားေနထိုင္ရမွာပဲေလေနာ္။

ဪ အဓိကေျပာခ်င္တာက ကၽြန္မဘုရားေန႔တိုင္း ဝတ္ျပဳဆုေတာင္းေပမယ့္🙏🏻🙏🏻🙏🏻ခႏၲီ ပါရမီေတာ့ အားမေကာင္းေသးဘူးရွင့္ 🙄အသိသတိေတာ့ကပ္ပါကိုယ့္ ကိုကိုယ္ေျပာတာပါ😖 ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

ပရိသတ္မ်ားကလည္း မိဘေက်းဇူး ကို သိတတ္ၿပီး ငယ္စဥ္ကတည္းက ဘာသာေရးကိုင္းရွိုင္းလြန္းတဲ့ ေခ်ာရတနာၾကဳံေတြ႕ေနရတဲ့ စိတ္ဆင္းရဲမႈေတြ အျမန္ဆုံး ကင္းေဝးပါေစလို႔ ဆုေတာင္းေပးထားၾကတာ ျဖစ္ပါတယ္။ ဒီကာလမွာ လူတိုင္းရဲ့စိတ္ေတြက အတက္အက် အရမ္း ကို ျမန္ဆန္ေနၾကတာ ျဖစ္ပါတယ္။ အားလုံး ခံစားေနရတဲ့ အရာေတြ အျမန္ဆုံး ကင္းေဝးပေပ်ာက္ကာ အရင္လို ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်ိန္ေလးေတြ ျပန္လည္ရရွိၾကပါေစလို႔ဆုေတာင္းေပး လိုက္ရပါ တယ္ေနာ္။

Source and Photo Crd-Chaw Yadanar’s Facebook Account