Source : khay settThwin
Credit – CeleKhitThit
ပရိသတ်ကြီး​ရေခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့အပြုံးလေးတွေနဲ့ အပြူအမူအပြောလေးတွေကြောင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူပါ။ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရရင်ရသလိူ အလှူဒါန လေးတွေပြုလုပ်တတ်တဲ့မင်းသမီးလေးဆိုလည်း ဟုတ်ပါတယ်နော်။
ဒါ့အပြင်ခေးဆက်သွင်ကတော့ MRTV- (4) ဇာတ်လမ်းတွဲမင်းသမီးလေးဖြစ်တဲ့အပြင် အမြဲပျော်ပျော်နေတတ်ပြီး သရုပ်ဆောင်ကောင်းလွန်းတဲ့မင်းသမီးလေး ​ဖြစ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။အရိပ်ဇာတ်လမ်းတွဲမှာ ” အညို ” ဆိုပြီး ပရိသတ်တွေအားပေးခံခဲ့ရတာဖြစ်ပြီး ” နှင်းဆီ ” ဇာတ်လမ်းတွဲမှာလည်း ” နှင်းဆီ ” ဇာတ်ကောင်နဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့သူလေးဖြစ်ပါတယ်။
ဒီနေ့မှာတော့ ” ဘယ်သူ့ကိုမှ ဝင်လာပါလို့ တစာစာမခေါ်သလိုဘယ်အရာကိုမှ ထွက်မသွားပါနဲ့လို့ဆွဲမထားတတ်တာကြာပြီလား……ကိုယ့်ဖြစ်တည်မှုတိုင်းကို လက်ခံပြီးအရှိအတိုင်း လောကကြီးကို ဟားတိုက်လို့ခပ်မိုက်မိုက်ရယ်မောတတ်နေပြီလား…..အခက်အခဲလှေကားထစ်တွေကို တစ်ဆင့်ခြင်းနင်းဖြတ်ရင်းနင်လားဟဲ့ လောကဓံလို့ တစ်ယောက်တည်းအာခံနိုင်ပြီလား…….မျက်ရည်နဲ့ ညတွေကို ကျော်ဖြတ်ရင်းဘာမှမဖြစ်သလို ဟန်ဆောင်ခြင်းနဲ့လူတွေကြားထဲ ချည်းနင်းဝင်ရောက်နေပြီလား…..အဓိကနဲ့သာမညကိုရေရေလည်လည် ခွဲခြားတတ်ပြီးဟင်ဆိုတာနဲ့ ချာကနဲလှည့်ထွက်တတ်နေပြီလား…..ဘယ်နေရာရောက်ရောက်လိုက်လျောညီထွေစီကာပတ်ကုံးပြောလို့အမြဲပြုံးနိုင်ပြီတဲ့လား…..အပေါ်ကစာတွေဖတ်ရင်းငါနဲ့တူတယ်ဟဲ့ဆိုပြီးပျော်နေရင်သေချာတယ်ခင်ဗျားအပျိုကြီးတစ်ပိုင်းဖြစ်နေပြီ😝😝😝😝”ဆိုတဲ့စာလေးနဲ့ သူမပရိသတ်တွေကိုစနောက်ခဲ့တာပါ။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : khay settThwin
Credit – CeleKhitThit