အဆိုေတာ္စႏၵီျမင့္လြင္ကေတာ့ ခင္ပြန္းရယ္၊ ခ်စ္စရာသမီးေလးတစ္ေယာက္ရယ္နဲ႔အတူ ေပ်ာ္ရႊင္စရာမိသားစုဘဝေလးကို တည္ေဆာက္ထားတာျဖစ္ပါတယ္။စႏၵီျမင့္လြင္က လက္ရွိနိုင္ငံေရးအေျခအေနမွာ ေဖေဖာ္ဝါရီလ အစကတည္းက အႏုပညာေမာင္ႏွမေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။အခုခ်ိန္မွာေတာ့အလႉအတန္းေတြကို တတ္နိုင္သေလာက္လုပ္ေဆာင္ေနၿပီး ျပည္သူေတြကို တစ္ဖက္ တစ္လမ္းကေနကူညီေပးေနတာျဖစ္ပါတယ္။


ဒီေန႔မွာဆိုရင္လည္း စႏၵီျမင့္လြင္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္က Plume small နဲ႔ပူးေပါင္းၿပီး ေတာင္ဒဂုံ ဘက္မွာသြားေရာက္လႉဒါန္းခဲ့ပါတယ္။ေတာင္ဒဂုံဘက္မွာေနထိုင္တဲ့ အေျခခံျပည္သူေတြကို ဒီးဒီတို႔ဇနီးေမာင္ႏွံက ဆန္တစ္ျပည္၊ၾကက္သြန္၊ဆီ၊ဆား၊င႐ုတ္ တို႔ကို အိမ္ေၿခ (၁၀၀)အတြက္ လႉဒါန္းခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ ကေလးေလးေတြအတြက္ diapers နဲ႔ mask ေတြကိုလည္း လႉၿပီး အမ်ိဳးသမီးလစဥ္သုံး ပစၥည္းတခ်ိဳ႕ကိုပါ ေဝငွခဲ့တာျဖစ္ပါတယ္။

စႏၵီျမင့္လြင္တို႔ဇနီးေမာင္ႏွံက ျပည္သူေတြရဲ့လက္ထဲကို ကိုယ္တိုင္ကိုယ္က်ထည့္ေပးၿပီး ရင္းရင္းႏွီ းႏွီးစကားေျပာခဲ့တာျဖစ္ပါတယ္။ျပည္သူေတြကလည္း ဒီးဒီတို႔ရဲ့ အလႉေၾကာင့္ မိသားစုရဲ့စားဝတ္ေနေရးအတြက္ ရက္အနည္းငယ္ေလာက္မပူပန္ရေတာ့တာျဖစ္ပါတယ္။အခုလိုမ်ိဳး ျပည္သူေတြအေပၚေစတနာထားေပးၿပီး လိုအပ္မယ့္ပစၥည္းတခ်ိဳ႕ကို လမ္းႀကိဳလမ္းၾကားေတြပါမက်န္သြားၿပီး လႉဒါန္းခဲ့တဲ့ စႏၵီျမင့္လြင္တို႔ရဲ့ပုံရိပ္ေတြကို ျပန္လည္မၽွေဝေပး လိုက္ပါတယ္။

Credit

အဆိုတော်စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းရယ်၊ ချစ်စရာသမီးလေးတစ်ယောက်ရယ်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က လက်ရှိနိုင်ငံရေးအခြေအနေမှာ ဖေဖော်ဝါရီလ အစကတည်းက အနုပညာမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။အခုချိန်မှာတော့အလှူအတန်းတွေကို တတ်နိုင်သလောက်လုပ်ဆောင်နေပြီး ပြည်သူတွေကို တစ်ဖက် တစ်လမ်းကနေကူညီပေးနေတာဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်က Plume small နဲ့ပူးပေါင်းပြီး တောင်ဒဂုံ ဘက်မှာသွားရောက်လှူဒါန်းခဲ့ပါတယ်။တောင်ဒဂုံဘက်မှာနေထိုင်တဲ့ အခြေခံပြည်သူတွေကို ဒီးဒီတို့ဇနီးမောင်နှံက ဆန်တစ်ပြည်၊ကြက်သွန်၊ဆီ၊ဆား၊ငရုတ် တို့ကို အိမ်ခြေ (၁၀၀)အတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ကလေးလေးတွေအတွက် diapers နဲ့ mask တွေကိုလည်း လှူပြီး အမျိုးသမီးလစဉ်သုံး ပစ္စည်းတချို့ကိုပါ ဝေငှခဲ့တာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက ပြည်သူတွေရဲ့လက်ထဲကို ကိုယ်တိုင်ကိုယ်ကျထည့်ပေးပြီး ရင်းရင်းနှီ းနှီးစကားပြောခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း ဒီးဒီတို့ရဲ့ အလှူကြောင့် မိသားစုရဲ့စားဝတ်နေရေးအတွက် ရက်အနည်းငယ်လောက်မပူပန်ရတော့တာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေအပေါ်စေတနာထားပေးပြီး လိုအပ်မယ့်ပစ္စည်းတချို့ကို လမ်းကြိုလမ်းကြားတွေပါမကျန်သွားပြီး လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်တို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်။

Credit