မိဘမဲ့ ကလေးငယ်တွေရဲ့ ဘဝကို တတ်နိုင်သလောက် ကယ်တင်နေပြီး ဖြူစင်တဲ့ ပရဟိတ နှလုံးသာလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေကတော့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး တစ်ယောက်ဖြစ်သလို ပရိသတ်တွေ လေးစား ချစ်ခင်နေရသူပါပဲနော်။ အခုအချိန်မှာ ဆိုရင် သူမဟာ လူမှုကူညီရေး ပရဟိတတွေ သာမက မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေ ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့ နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ်ခဲ့တာဖြစ်ပါတယ် ။ ကလေးတွေရဲ့ ကိစ္စအဝဝကိုလည်း ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစု ပျိုးထောင်ပေးနေတာပါ ။ အားလပ်ချိန်တွေမှာလည်း ကလေးတွေကို အချိန်ပေးကာ အနားမှာနေပြီး အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင် စရာ အချိန်လေးတွေကို ဖန်ဆီးတတ်ပါသေးတယ် ။

အခုလည်း ကိုဗစ်ရောဂါတွေ ကူးစက်မှု မြင့်မားနေတာကြောင့် ​ဂေဟာက သားသမီးတွေကို သေသေချာချာ အချိန်ပေးကာ ကြိုတင်ကာကွယ် စောင့်ရှောက်ပေးမှုတွေ ပြုလုပ်ပေးရင်း ကလေးငယ်များ အာဟာ ရပြည့်ဝစေရန် ကိုယ်တိုင် ကျွေးမွေးပြုစုနေတာကို တွေ့ရပါတယ် ။ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်လေးကို လေးစားမိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai




Yuan – Cele Zone

Photo – Khine Hnin Wai