ပရိတ္သတ္ၾကီးေရ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းကေတာ့ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ၿပီး လူထုလႈပ္ရွားမႈေတြမွာ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြသတင္းအခ်က္အလက္ေတြကိုလည္း အခ်ိန္နဲ႔တစ္ေျပးညီသိရွိနိုင္ေအာင္လည္း သူမရဲ့လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ေဝမၽွ ေပးေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ညစဥ္ ၈ နာရီေရာက္တိုင္းလည္း သူမရဲ့အိမ္ေရွ႕တြင္ သံဗုံးတီးလႈပ္ရွားမႈအစီအစဥ္ကိုလည္း လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ျဖဴျဖဴရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ခံစားခ်က္ကိုေရွ႕တန္းမတင္ဘဲဦးေႏွာက္နဲ႔စဥ္းစားၿပီးေရွ႕ဆက္ေတာ္လွန္သင့္ေၾကာင္း သုံးသပ္ေျပာျပလာတာပဲ ျဖစ္ပါတယ္။ ကမၻာႀကီးကအမွတ္ေပးဝန္းရံေပးေနတဲ့ လက္ရွိအေျခအေနကို အပ်က္စီးမခံသင့္ေၾကာင္းကိုလည္း အခုလို ရွင္းျပေပးထားတာပဲ ျဖစ္ပါတယ္။ ”

သတ္တယ္။ဘာလို႔သတ္တာလဲ? အေျဖကအမ်ားႀကီးပဲ။ ဒါေပမယ့္…၂ ခုပဲအရင္ေျပာမယ္။ ေၾကာက္ေအာင္ နဲ႔ ေဒါသထြက္ေအာင္။ အဲ့ဒီ ၂ ခုကတြဲေနတတ္တယ္။ လက္စားေခ်ဖို႔၊ အၾကမ္းဖက္ဖို႔၊ အဓိက႐ုဏ္းျဖစ္ဖို႔ ဆီကိုဦးတည္တယ္။အခုကမၻာႀကီးကအမွတ္ေပးဝန္းရံေနတဲ့ peaceful protest by the people of Myanmar ဆိုတဲ့ပုံရိပ္ေကာင္းကိုပ်က္စီးေအာင္လုပ္ခ်င္တာပဲ။ အဲ့ဒါပ်က္စီးသြားလို႔မရဘူး။

အဲ့ေတာ့ဘာလုပ္မလဲ? ခံစားခ်က္ကိုေရွ႕တန္းမတင္ပဲ ဦးေႏွာက္နဲ႔ပဲ ေရွ႕ဆက္မယ္။နာစရာကိုႏွလုံးသားမွာတက္တူးလိုထိုးထားမယ္။ၿငိမ္းခ်မ္းစြာဆႏၵျပမယ္။ ကိုယ့္အခ်င္းခ်င္း ေရွ႕တန္းေနာက္တန္း ပိုစည္းလုံးမယ္။ အေရးေတာ္ပုံ ေအာင္ရမယ္။ ” ဆိုၿပီး ေရးသားေျပာျပထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Phyu Phyu Kyaw Thein’s Facebook Page
Crd…..

ပရိတ်သတ်ကြီးရေ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေသတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီသိရှိနိုင်အောင်လည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှ ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ် ၈ နာရီရောက်တိုင်းလည်း သူမရဲ့အိမ်ရှေ့တွင် သံဗုံးတီးလှုပ်ရှားမှုအစီအစဉ်ကိုလည်း လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖြူဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ခံစားချက်ကိုရှေ့တန်းမတင်ဘဲဦးနှောက်နဲ့စဉ်းစားပြီးရှေ့ဆက်တော်လှန်သင့်ကြောင်း သုံးသပ်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးကအမှတ်ပေးဝန်းရံပေးနေတဲ့ လက်ရှိအခြေအနေကို အပျက်စီးမခံသင့်ကြောင်းကိုလည်း အခုလို ရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။ ”

သတ်တယ်။ဘာလို့သတ်တာလဲ? အဖြေကအများကြီးပဲ။ ဒါပေမယ့်…၂ ခုပဲအရင်ပြောမယ်။ ကြောက်အောင် နဲ့ ဒေါသထွက်အောင်။ အဲ့ဒီ ၂ ခုကတွဲနေတတ်တယ်။ လက်စားချေဖို့၊ အကြမ်းဖက်ဖို့၊ အဓိကရုဏ်းဖြစ်ဖို့ ဆီကိုဦးတည်တယ်။အခုကမ္ဘာကြီးကအမှတ်ပေးဝန်းရံနေတဲ့ peaceful protest by the people of Myanmar ဆိုတဲ့ပုံရိပ်ကောင်းကိုပျက်စီးအောင်လုပ်ချင်တာပဲ။ အဲ့ဒါပျက်စီးသွားလို့မရဘူး။

အဲ့တော့ဘာလုပ်မလဲ? ခံစားချက်ကိုရှေ့တန်းမတင်ပဲ ဦးနှောက်နဲ့ပဲ ရှေ့ဆက်မယ်။နာစရာကိုနှလုံးသားမှာတက်တူးလိုထိုးထားမယ်။ငြိမ်းချမ်းစွာဆန္ဒပြမယ်။ ကိုယ့်အချင်းချင်း ရှေ့တန်းနောက်တန်း ပိုစည်းလုံးမယ်။ အရေးတော်ပုံ အောင်ရမယ်။ ” ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Phyu Phyu Kyaw Thein’s Facebook Page
Crd…..