


Credit; (Cele Gabar)

မင်းသမီးချောလေးဆောင် းဝတ်ရည်မေကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အခိုင်အမာရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ တုစိန်လေးလို့လည်း ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ဆောင်းဝတ်ရည်မေကတော့ အမုန်းမှသည် ချစ်ခြင်းတရားတို့ရှိရာ စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပီပြင်စွာသရုပ်ဆောင်ပြီး ပရိသတ်တွေ အချစ်ကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သူလေးပါ ။

လတ်တလောမှာတော့ Together Forever ဆိုတဲ့ Music Video လေးကို ရိုက်ကူးနေတဲ့အကြောင်း သူမရဲ့လူမှုကွန်ရက်စ ာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကောင်လေးသုံးယောက်ရဲ့ ချစ်ရေးဆိုခံရတဲ့ တုတု ၊ တုတု ဘယ်သူ့ကို အဖြေပြန်ပေးလိုက်ရမလည်း ပြောကြည့် ဆိုတဲ့စာသားလေးနဲ့အတူ သူမ ရိုက်ကူးခဲ့တဲ့ Music Video လေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပဟေဠိဖွက်ခဲ့ပါသေး တယ် ။

အဆိုတော်ဟိဏ်းသစ် ၊ အောင်ကောင်းမြတ် နဲ့ ထူးမြတ်ဇော် တို့က တုတု နဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြပြီး တုတု တစ်ယောက် ဘယ်သူ့ကိုရွေးလိုက်မလဲ ဆိုတာကို ပရိသတ်ကြီးလည်း သိချင်နေကြပြီထင်ပါတယ် ။ တုတုကိုချစ်တဲ့ ပရိသတ်တွေရော သူမ ဘယ်သူ့ကိုရွေးချ ယ်မယ်လို့ထင်လဲ မှတ်ချက်ပေး ခဲ့ပါဦးနော် ။

Source : Hsaung Wutt Yee May
Credit; (Cele Gabar)