


Credit ; (Cele Gabar)

ပရိသတ်ကြီးရေ အခုဆိုရင် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ်ဆိုတော့ အားလုံး ပျော်ရွှင်နေကြပြီထင်ပါတယ်နော် ။ (၂၀၂၀) က ကောင်းတာတွေရော မကောင်းတာတွေရော အကုန်ထားခဲ့ပြီး (၂၀၂၁) ကိုကြိုဆိုရတော့မယ်ဆိုတော့ အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေမှာအမှန်ပါဘဲ ။ ပရိသတ်တွေချစ်တဲ့ MRTV-4 မင်းသားမင်းသမီး တွေကလည်း နှစ်သစ်ကို ကြိုဆိုဖို့အခုထဲက ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီနော် ..။

ပရိသတ်အချစ်တော် MRTV-4 မင်းသားမင်းသမီးတွေဖြစ်တဲ့ နက်ရှိုင်းကို ၊ ဖြိုးသံသာချို နဲ့ ဆုလင်းရှိန်တို့ သုံးယောက်က ချစ်ပရိသတ်တွေအားလုံးလည်း ပျော်ပျော်ရွှင်ရွှင် Telenor Myanmar Countdown 2021 နဲ့ အတူနှစ်သစ်ကိုကြိုလိုက်ကြမယ် ဆိုတဲ့ စာသားလေးနဲ့အတူ New Year အက လေးကို ရိုက်ကူးပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သုံးယောက်လုံး အတွဲညီညီ နဲ့ ချစ်စရာကောင်းအောင် ကထားကြတာဆိုတော့ ပရိသတ်တွေက အရမ်းကို သဘောကျနေပြီး သူတို့နဲ့အတူ နှစ်သစ်ကို Telenor Myanmar Countdown 2021နဲ့ ပျော်ရွှင်စွာကြိုဆိုကြမယ့်အကြောင်းမှတ်ချက်တွေ ရေးသားထားကြပါတယ် ။ ဖြိုးသံသာချို ၊ ဆုလင်းရှိန် နဲ့ နက်ရှိုင်းကို တို့ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူတို့သုံးယောက်ရဲ့ New Year အကလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

SourcE: Phyo Thanthar Cho
Credit ; (Cele Gabar)