


Credit – Cele Zone
Photo – Khin Hlaing

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကို ပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်‌နော်။ သူဟာအနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ် အားပေးမှု အခိုင်အမာရရှိထား သူလည်းဖြစ်ပါတယ်။

ဦးခင်လှိုင်ဟာ ရုပ်ရှင်ကားကြီးများကိုလည်းအဆက်မပြတ်ရိုက်ကူးနေသူဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးကာ ပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ကလေးတွေကို အခုချိန်ထိ လူလားမြောက်အောင် ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးပြီး ဖခင်ကောင်းပီသခဲ့တာကြောင့် ပရိသတ်တွေက လေးစားချစ်ခင် အားကျနေရတာပါ။

ခင်လှိုင်ကတော့ သားသမီးတွေအပြင် မြေးတွေကိုပါပိုင်ဆိုင်ထားလို့ အမြဲစိတ်ချမ်းသာပြီး ပျော်ရွှင်နေရ သူတစ်ယောက်ပါ။ အခုလည်းလေးလပြည့်သွားပြီဖြစ်တဲ့ မြေးလေးရွှေခေတ်ရဲ့ ချစ်စရာအရမ်းကောင်းတဲ့ပုံလေးတွေကို သူရဲ့အကောင့်လေးမှာဝေမျှလာတာဖြစ်ပါတယ်။ ရွှေခေတ်လေးကလည်းမျက်စိအောက်တင် အရွယ်ရောက်လာပြီး အရမ်းချစ်စရာကောင်းနေလိုက်တာနော်။ ပရိသတ်ကြီးလည်း ရွှေခေတ်ရဲ့ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက် ပါတယ်။

Credit – Cele Zone
Photo – Khin Hlaing