





ပရိတ်သတ်ကြီးရေ….အမိုက်စား အိုက်တင်တွေနဲ့ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တဲ့ ပြည်သူချစ်အနူပညာရှင်တစ်ယောက်ကတော့ မင်းသမီးချောလေးအကယ်ဒမီဖွေးဖွေးပဲဖြစ်ပါတယ်နော်။ဖွေးဖွေးဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်းပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်တာပဲဖြစ်ပါတယ်နော်။

နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူလူထုနဲ့အတူလမ်းပေါ်ထွက်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ဖွေးဖွေးဟာဆိုရင်ပုဒ်မ(၅၀၅)ကနဲ့အမှုဖွင့်ဝရမ်းထုတ်ခံထားရတဲ့အတွက် လွတ်မြောက်ရာကိုရှောင်တိမ်းနေရတာပဲဖြစ်ပါတယ်။ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလမှာ ဖွေးဖွေးရဲ့ဖခင်ကြီးဟာ ရုတ်တရက်ဆုံးပါးသွားတဲ့ အတွက် ဖခင်ကြီးရဲ့နောက်ဆုံးခရီးလေးကိုတောင်လိုက်ပါပို့ဆောင်ခွင့်မရခဲ့တဲ့အတွက်များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်နော်။

ဒီကနေ့မှဆိုရင်လည်းဖွေးဖွေးက အဝေးတစ်နေရာကနေ မတွေ့တာကြာပြီဖြစ်တဲ့ တူလေးရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုကိုပရိတ်သတ်ကြီးအားထုတ်ပြလာခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒါကတော့ “Omg၊ My Nephew A To Zကိုဗြောင်းပြန်ဆိုပြသွားတာ” ဆိုတဲ့စာသားလေးနဲ့အတူ ဖွေးဖွေးကသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားတာ ပဲဖြစ်ပါတယ်နော်။ဖွေးဖွေးတူလေးရဲ့ ချစ်စရာကောင်းတဲ့ဗီဒီယိုလေးကို အခုလိုပဲတစ်ဆင့်ကူးယူဖော်ပြပေးလိုက်ရပါတယ်နော်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit ; Celebrity Platforms