ပရိသတ်ကြီးရေ အဆိုတော် ကောင်းကောင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ကောင်းကောင်းကတော့ သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူ အဆိုတော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်.။

ကောင်းကောင်းကတော့ ချောမောလှပတဲ့ ဇနီးချောလေး နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ အနုပညာလောကမှာလည်း အောင်မြင်သလိုပဲ အိမ်ထောင်ရေးနဲ့ မိသားစုဘဝလေးမှာလည်း ပျော်ရွှင်မှုတွေ ပြည့်ဝစွာ ခံစားနေရသူပါပဲနော်.။

ချစ်ဇနီးလေးကို ပိုင်ဆိုင်ခွင့်ရလို့ သူ့ဘဝမှာ ပျော်ရွှင်နေသူ ကောင်းကောင်းကတော့ ချစ်ရသူ ဇနီးလေးအပေါ် သူ့အချစ်တွေ ပုံအပ်ထားကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဇန်နဝါရီလ (၂၀)ရက်နေ့မှာလည်း ကောင်းကောင်းက ချစ်ဇနီးရဲ့ အချစ်တွေကို ပိုင်ဆိုင်ခွင့်ရလို့ ကျေးဇူးတင်စာလေးကို “❤️မင်းကလှတယ် ငါကရုပ်ဆိုးတယ်❤️

❤️မင်းကမြင့်မြတ်တယ် ငါကနှုံချာတယ် ❤️ ❤️မင်းကပြည့်စုံတယ် ငါကအခွံပဲရှိတယ်❤️ သို့ပေမယ့် ❤️2:2 ကာကာချစ်ပေးလို့ ထာဝရကျေးဇူးပါ🙏” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ကောင်းကောင်းကတော့ ချစ်ဇနီးလေးအပေါ်မှာ မြတ်နိုးမှုတွေ ပြည့်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Kaung Kaung’ sFaecebook
Credit :(Cele Active World )