



Credit ; celethatin

အဆိုတော် ဟဲလေးကတော့ တေးရေး၊ တေးဆိုအဖြစ် ဂီတလောကမှာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အောင်မြင်မှုတွေနဲ့ ရပ်တည်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အဆိုဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်တွေကိုလည်းမြေတောင် မြှောက်ပေးနေပြီး လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တစ်ချို့ရဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။ ဟဲလေးရဲ့ သီချင်းဟောင်းလေးတွေကလည်း အခုချိန်ထိ ပရိသတ်​တွေရဲ့ အားပေးနားဆင်ခြင်းတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

ဟဲလေးဟာ လတ်တလောမှာလည်း ဂီတလှုပ်ရှားမှုတွေများစွာ လုပ်ကိုင်နေပြီး မကြာသေးခင် ရက်ပိုင်း လောက်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Project K အဖွဲ့နဲ့ ” စော်နဲ့ပြတ်သွားတယ် ” ဆိုတဲ့ Music Video လေးထွက်ရှိထားတာပဲ ဖြစ်ပါတယ်။

မကြာခင်မှာလည်း သူရေးပေးထားတဲ့ ” ဘဲနဲ့ပြတ်သွားတယ် ” သီချင်းအသစ် တစ်ပုဒ်ကိုလည်း ရွှေအိမ်စည်က သီဆိုထားပြီး ပရိသတ်တွေ နားဆင်ရတော့မှာ ဖြစ်တဲ့အကြောင်းလေးကိုလည်း သတင်းပေး ထားပါသေးတယ်နော်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်း လောက်ကလည်း ဟဲလေးရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိန်းမနဲ့စိတ်ကောက်ပြီး လမ်းမှာကြိုက်တာ ဝယ်စားဖို့ပိုက်ဆံတွေအထုပ်လိုက်သယ်ချလာပြီးအိမ်ကနေထွက်လာတဲ့ ဟဲလေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit ; celethatin