သရုပ္ေဆာင္ စည္ျဖိဳးကေတာ့ ျပီးခဲ့တဲ့ နုိဝင္ဘာလအတြင္းကပဲ သူအရမ္းခ်စ္တဲ့ ခ်စ္သူေလး သရုပ္ေဆာင္ခင္လႊမ္းနဲ့ ေရႊလက္တြဲ လက္ထပ္ခဲ့ျပီပဲ ျဖစ္ပါတယ္။ စည္ျဖိဳးက အခုဆုိရင္ အိမ္ေထာင္သည္တစ္ေယာက္လည္းျဖစ္သြားသလို ကေလးေဖေဖေလာင္းတစ္ေယာက္လည္း ျဖစ္ေနျပီမို့ အရင္ကထက္ပိုျပီး အလုပ္ေတြၾကိဳးစားလုပ္ကိုင္ေနသလို မိသားစုအတြက္ တာဝန္ေက်တဲ့ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားေနလ်က္ရိွပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းကေတာ့ သူတို့ရဲ့ ပထမဦးဆံုးရင္ေသြးေလးကို ပိုင္ဆိုင္ဖို့ ေမွ်ာ္တလင့္လင့္ရိွေနၾကတာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ခင္လႊမ္းရဲ့ ကိုယ္ဝန္ကလည္း ရက္သတၱပတ္အေတာ္ရိွခဲ့ျပီျဖစ္သလို သားေလးလား သမီးေလးလားဆိုတာကိုလည္း သိရိွရျပီးျပီ ျဖစ္ပါတယ္။ စည္ျဖိဳးကေတာ့ သူ့ရဲ့ ခ်စ္ဇနီး ဗုိက္ထဲက ရင္ေသြးေလးက သမီးမိန္းကေလးျဖစ္ေၾကာင္းကို မိန္းကေလးဝတ္ဂါဝန္ပိစိေလးေတြကိုရွာရင္း “ဘယ္လိုပံုစံေလးေတြဝယ္ေပးရင္ေကာင္းမလည္း စဥ္းစားေနမိ ဟိဟိ.. Hello Santa !!.. The Princess is Coming … .. .” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ပရိသတ္ေတြကို ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

စည္ျဖိဳးကေတာ့ ညီအစ္ကိုနွစ္ေယာက္တည္း ၾကီးျပင္းလာခဲ့ရသူပီပီ ပထမဦးဆံုးရင္ေသြးေလးက သမီးမိန္းကေလးျဖစ္ေနတာေၾကာင့္ ေတာ္ေတာ္ေလး စိတ္လႈပ္ရွားေပ်ာ္ရႊင္ေနတာပဲ ျဖစ္ပါတယ္။ ခင္လႊမ္းလည္း သမီးေလးကို ေအာင္ေအာင္ျမင္ျမင္နဲ့ က်န္းမာစြာ ေမြးဖြားနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Si Phyo ‘s fb
Credit– Cele Connections

သရုပ်ဆောင် စည်ဖြိုးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကပဲ သူအရမ်းချစ်တဲ့ ချစ်သူလေး သရုပ်ဆောင်ခင်လွှမ်းနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ စည်ဖြိုးက အခုဆိုရင် အိမ်ထောင်သည်တစ်ယောက်လည်းဖြစ်သွားသလို ကလေးဖေဖေလောင်းတစ်ယောက်လည်း ဖြစ်နေပြီမို့ အရင်ကထက်ပိုပြီး အလုပ်တွေကြိုးစားလုပ်ကိုင်နေသလို မိသားစုအတွက် တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေလျက်ရှိပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းကတော့ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ဖို့ မျှော်တလင့်လင့်ရှိနေကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ခင်လွှမ်းရဲ့ ကိုယ်ဝန်ကလည်း ရက်သတ္တပတ်အတော်ရှိခဲ့ပြီဖြစ်သလို သားလေးလား သမီးလေးလားဆိုတာကိုလည်း သိရှိရပြီးပြီ ဖြစ်ပါတယ်။ စည်ဖြိုးကတော့ သူ့ရဲ့ ချစ်ဇနီး ဗိုက်ထဲက ရင်သွေးလေးက သမီးမိန်းကလေးဖြစ်ကြောင်းကို မိန်းကလေးဝတ်ဂါဝန်ပိစိလေးတွေကိုရှာရင်း “ဘယ်လိုပုံစံလေးတွေဝယ်ပေးရင်ကောင်းမလည်း စဉ်းစားနေမိ ဟိဟိ.. Hello Santa !!.. The Princess is Coming … .. .” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

စည်ဖြိုးကတော့ ညီအစ်ကိုနှစ်ယောက်တည်း ကြီးပြင်းလာခဲ့ရသူပီပီ ပထမဦးဆုံးရင်သွေးလေးက သမီးမိန်းကလေးဖြစ်နေတာကြောင့် တော်တော်လေး စိတ်လှုပ်ရှားပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းလည်း သမီးလေးကို အောင်အောင်မြင်မြင်နဲ့ ကျန်းမာစွာ မွေးဖွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo ‘s fb
Credit– Cele Connections