


Credit– Cele Zone
Photo – Soe Pyae Thazin

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အကယ်ဒမီဆုရှင်လေးတစ်ဦးဖြစ်ပြီး အနုပညာအရည်အချင်းပြည့်ဝသူလေးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင်ညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်တဲ့ စိုးပြည့်သဇင်က ကလေးဆန်ဆန်လေး အမြဲပျော်ပျော်နေတတ်ပြီး အမြဲတမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာအမှန်ပါပဲ ။

စိုးပြည့်က သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာပါ ပါရမီပါသူလေးဖြစ်တာကြောင့် အဆိုတော်အဖြစ်လည်း တေးသီချင်းတွေသီဆိုခဲ့ရာ ပရိသတ်တွေကြိုက်နှစ်သက်အားပေးခဲ့ကြတာတွေ့ရပါတယ်။စိုးပြည့်ကတော့ အရမ်းလိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာလည်း သိတတ်တဲ့သမီးလိမ္မာလေးပါပဲနော်။

စိုးပြည့်ဒီကာလမှာအနုပညာအလုပ်တွေနည်းနေပေမယ့်လည်း သူရဲ့လှုပ်ရှားမှုတိုင်းကိုတော့ အမြဲဖော်ပြလေ့ရှိပါတယ်။ အခုလည်း ချစ်စရာအရမ်းကောင်းတဲ့တူမလေးထရက်ရှာရဲ့အပြောတွေအောက်မှာကြွေကျကာ အချစ်တွေပိုနေတဲ့ ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ ထရက်ရှာလေးတစ်ယောက် တီတီဇင်ကိုအပီအပြင်တွေချွဲကာ ချစ်တယ်တဖွဖွပြောနေလိုက်တာကိုယ်ပါကြည့်ရင်းအသည်းတွေယားမိတာအမှန်ပါပဲ။ ပရိသတ်ကြီးလည်း စိုးပြည့်နဲ့ထရက်ရှာလေးရဲ့ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Soe Pyae Thazin