ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မိုးယံဇွန်ကတော့ ချောမောခန့်ညားတဲ့ကောင်ချောလေးတစ်ယောက်ဖြစ်လို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါနော်။ အနုပညာလောကထဲကိုဝင်ရောက်လာတာကြာမြင့်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုလည်း အခိုင်အမာရရှိထားကာ အနုပညာလောကမှာ နေရာတစ်နေရာကနေ ရပ်တည်နေသူတစ်ယောက်ပါ ။

တည်ငြိမ်ခန့်ညားတဲ့ ပုံစံလေးကြောင့် နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေရသူလေးဆိုလည်း မမှားပါဘူး ။ သူရဲ့ အမိုက်စားခန္ဓာကိုယ်ကြွက်သားတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြွေပြီးရင်းကြွေနေရတာပါ။ ဒါ့အပြင် သရုပ်ဆောင်ဘက်တွင်သာမကပဲ ဘောလုံးအားကစားဘက်တွင်လည်း ထူးချွန်သူတစ်ယောက်ပါ။

သူရဲ့ လှုပ်ရှားမှုပုံလေးတွေကိုလည်း ပရိသတ်တွေနဲ့အဆက်အသွယ် မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိပါတယ်။ လတ်တလောမှာတော့ ချစ်ရတဲ့မေမေရဲ့ မွေးနေ့လေးမှာ မေမေရဲ့ ငယ်စဉ်နုပျိုစဉ်အချိန်က ပုံအလန်းစားလေးတွေတင်ကာ ဆုမွန်ကောင်းတောင်းပေးထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါရစေ ။

Credit – Cele Zone
Photo – Moe Yan Zune




Credit – Cele Zone
Photo – Moe Yan Zune