သရုပ်ဆောင် မိုးယုစံ ကတော့ Miss Now How ဆုရှင် တစ်ယောက်အဖြစ် လူသိများကျော်ကြားလာ ခဲ့ပြီးနောက် အနုပညာ ‌လောကထဲကို ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ မိုးယုစံက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နှင်းဆီ အဖွဲ့ရဲ့ ပင်တိုင်စံ မင်းသမီးလေး အဖြစ် ဆောင်ရွက်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုဆိုရင် မိုးယုစံက အိမ်ထောင် ကျပြီး မိခင်တစ်ယောက် ဖြစ်နေပြီ ဆိုပေမယ့် အနုပညာလော မှာတော့ အောင်မြင် မှုကို ရေရှည် ထိန်းသိမ်း ထားနိုင်ဆဲ မင်းသမီး တစ်လက် ဖြစ်ပါတယ်။ဒီကနေ့ မှာ တော့ မိုးယုစံက ချစ်ခင်ပွန်း နဲ့ သူငယ်ချင်း တွေကြောင့် ပျော်ရွှင် ခဲ့ရတဲ့ ကြည်နူးမှုလေး တစ်ခုကို အခုလိုပဲ မျှဝေပေး လာပါတယ်။ မိုးယုစံက “Baby Shower ပွဲလေးကို သတိတရ နဲ့ ကျင်းပ ပေးတဲ့ အမတွေ အကိုတွေ နဲ့ အတူ ချစ်ယောက်ျား ကိုလည်းကျေးဇူး တင်ပါတယ် ကိုယ့်တွက် သူများ ကစီစဉ်ပီး လုပ်ပေးတာ တခါမှ မရှိခဲ့တော့ ခုလို သူငယ်ချင်းလို အမ တွေရတာ ကလည်း ကံကောင်းခြင်း တစ်ခုပါပဲ ❤️❤️❤️”

“သူငယ်ချင်းလေး ကလျ နဲ လွန်ခဲ့တဲ့ ၄လ လောက်က ဖုန်း ပြောတော့ ငါ့မှာသူငယ်ချင်း လည်းမရှိ လုပ်ပေးမဲ့ သူလည်းမရှိ ဘာဖြစ်ဖြစ် ကိုယ့်ဘာသာပဲ လုပ်မှ စီစဉ်မှ ရတာလို့ပြောတော့ နင့်ကို ငါလုပ်ပေးမယ် ပြောထဲက ဝမ်းသာပြီး မျက်ရည်တောင် ကျမိတာ အဲ့ဒါကို သတိတရ နဲ့ ဦးဆောင်ပီး လုပ်ပေးတာ အရမ်း ချစ်ဖို့ကောင်း ကျန်တဲ့အမ တွေကလည်း ကိုယ့်ကို ချစ်ကြတာ ပွဲလေး ကိုလုပ်ပေးကြ တာသိရတော့ အရမ်းဝမ်းသာ တာပဲ ❤️❤️❤️”“မိန်းမကို surprise မလုပ်တတ် လုပ်တတ်နဲ့ မလိမ်တတ် လို့ ဒီက သိသွားပေမဲ့ surprise က surprise ပါပဲလို့😜 ချစ်ယောက်ျား ကိုလည်း အရမ်းချစ်ပါတယ်လို့ နောက်လည်း များများ ချစ်ပေး ပါလို့ ❤️❤️❤️ ပုံလှလှလေး တွေကိုအမြဲ ရိုက်ကူး ပေးတဲ့ ပုံတွေဆို အများကြီး ကိုအမြန်လုပ်ပေး တဲ့ အကို နဲ့ အမ Sanda Moe Swe (MY DREAM One Stop Wedding Service) ကျေးဇူး တင်ပါတယ် ❤️❤️❤️အကျီဆိုလည်း အမြဲ လိုချင်တာကို အမြန်လုပ်ပေးတဲ့ အမ May Myat Waso HappyHeart ကျေးဇူး တင်ပါတယ် ❤️❤️❤️” ဆိုပြီး ပြောလာပါတယ်။

မိုးယုစံကတော့ သူမ ရဲ့ ဒုတိယမြောက် ရင်သွေးလေး အတွက် Baby Showe r ပွဲလေးကို ကြည်နူးပီတိတွေနဲ့ ဖြတ်သန်းခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးယုစံရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Yu San’s fb
Credit – Cele Connections