


Source: Nay Dway

မြန်မာဇာတ်လမ်းများထဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရိုက်ကူးနေခဲ့ပြီး ညှို့အားပြင်းပြင်းနဲ့ကြည့်တတ်သူ မင်းသားချော နေဒွေးကတော့ ခုရက်ပိုင်းမှာ ချစ်သူအသစ်စက်စက်လေးကို ပရိသတ်ဆီကို အသိပေးလာတာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေ အသည်းကို ခွဲခဲ့သူကြီးလို့ နာမည်ကြီးနေသူ ဖြစ်ပါတယ်…

မင်းသားချော နေဒွေးကတော့ မကြာသေးမှီက နာမည်သုံးလုံးနဲ့ မော်ဒယ်မလေးရဲ့ တရားစွဲဆိုခြင်းခံရတဲ့ ကိစ္စကြောင့်လည်း ဆရာဂျွန်လွင်က ဖြေရှင်းခဲ့ရတုန်းကလည်း မိန်းကလေးပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်..ခုတော့ မင်းသားချော နေဒွေးကတော့ ခုလက်ရှိချစ်သူလေးကို အရမ်းတွေ ချစ်ပြနေတဲ့ အပေါ်မှာလည်း ပရိသတ်များက မင်းသားချော နေဒွေးကို ချစ်တဲ့အတွက် နေဒွေးရဲ့ ချစ်သူအပေါ်မှာလည်း ပရိသတ်က ချစ်ပေးလို့နေပြန်ပါတယ်…

မင်းသားချော နေဒွေးကတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်ရင်း တစ်ဖက်တစ်လမ်းကလည်း ကိုယ်ပိုင်စီးပွားရေးတွေကိုအရမ်းကြိုးစားနေတာကြောင့် ချစ်သူလေးနဲပဲ အမြန်ဆုံးရွှေလက်တွဲတော့မလားလို့ ပရိသတ်ကလည်း စိတ်ဝင်စားနေကြပါတယ်။မင်းသားချော နေဒွေးရဲ့ချစ်သူက Video Call ပြောရင်း ဆေးထိုးလိုက်တာဖြစ်ပါတယ်..မင်းသားချော နေဒွေးကလည်း သူ့ရဲ့ချစ်သူအသစ်စက်စက်ပေးထားတဲ့ ချစ်သက်လက်ဆောင်လေးကို Facebook Story မှာ တင်ထားပါသေး တယ်နော်။ ပရိသတ်ကြီးလည်း မင်းသားချော နေဒွေးတို့ ချစ်သူစုံတွဲကို ကြည့်ပြီး ပျော်ရွင်နိုင်ကြပါစေနော်..

Source: Nay Dway
Credit ;Celebrity Secret