




ပရိသတ်ကြီးရေ MRTV-4 မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမ လိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဆောင်းဝတ်ရည်မေကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးလေး တစ်လက်ပဲဖြစ်ပါတယ်နော်.။

ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပြီးနောက်မှာ ဆောင်းဝတ်ရည်မေကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို မပြတ်အောင် လုပ်ဆောင်နေရပြီး လက်ရှိမှာလည်း ရှုတင်တွေအပြည့်နဲ့ အလုပ်တွေ လုပ်နေရသူလေးပါ..။ အမြဲ ပျော်ရွှင်တက်ကြွစွာ နေတတ်သူ တုတုကတော့ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။

ဒီနေ့မှာလည်း တုတုက သူမရဲ့ ဗီဒီယိုဖိုင်လေးတွေကို “ချစ်စရာလေးရဲ့ ဒီနေ့ video တွေ တင်ပေးလိုက်တယ်ကွာ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဗီဒီယိုဖိုင်လေးတွေထဲကမှ သီချင်းဆိုနေတဲ့ တုတုလေးရဲ့ အသံလေးကတော့ ပရိသတ်တွေ အတွက် နားဝင်ချိုစေမယ်လို့ ထင်ပါတယ်.။

ပရိသတ်တွေအတွက်လည်း မင်းသမီး ဆောင်းဝတ်ရည်မေရဲ့ ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Hsaung Wutt Yee May’s Facebook
Credit ; (Cele Active World)