Source: SEIN PHYO & YI’s fb
သရုပ်ဆောင် မောင််နဲ့ ရီရီပွင့်ဖြူတို့ကတော့ အနုပညာအလုပ်တွေကို ရပ်နားပြီးချိန်မှ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ပြီး ဖူးစာဆုံလက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့က အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်တိုင်ရှိခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်သူသမီးရည်းစားဆိုတာထက် မောင်နှမလို သူငယ်ချင်းလို ရင်းရင်းနှီးနှီးရှိကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး စကားပြောပွင့်လင်းလွန်းကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့အတွဲလေးကို အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း ချစ်ခင်စွာနဲ့ အားပေးနေကြဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ သင်္ဘောကြီးစီးပြီး ခရီးထွက်ခဲ့ကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့က သင်္ဘောပေါ်မှာ အဆိုတော်နေဝင်းနဲ့ ခရီးသွားဘလော်ဂါမလေး အိမ့်ချစ်ချောတို့နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ ရီရီပွင့်ဖြူက ချစ်ရသူမိန်းကလေးအပေါ် အရမ်းချစ်တတ် Ro တတ်လွန်းတဲ့ နေဝင်းကိုကြည့်ပြီး လုံးဝ Romantic မဆန်တတ်တဲ့ မောင့်အကြောင်းကို “အင်မတန်မှ ချစ်တတ် ရိုတတ်တဲ့ ကို​နေဝင်းနဲ့ အမြင်ကပ်​လောက်​အောင် မရိုတတ်​သော ကိုစိန်ဖြိုးတို့ ​​တွေ့ကြပြီ…😅😁😂​ရောကျိုပြီးနည်းနည်းစီပြန်ခွဲရမလား 🤔” ဆိုပြီး စနောက်အရွှန်းဖောက်လာခဲ့ပါတယ်။
မောင်ကတော့ ရီရီပွင့်ဖြူကိုချစ်ပေမယ့် တီတီတာတာလေးတွေမပြောတတ်တဲ့အပြင် မိန်းကလေးအပေါ် ဘယ်လို ဂရုစိုက် ကြင်နာပြရမလဲဆိုတာကို မသိတဲ့ ယောကျာ်းလေးတစ်ယောက်ဖြစ်တာကြောင့် ရီရီပွင့်ဖြူက စနောက်လာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: SEIN PHYO & YI’s fb
Credit– Cele Connections