


Photo – Kyaw Htut Swe
Credit – Cele Channel

အဆိုတော် ကျော်ထွဠ်ဆွေကတော့ ဂီတလောကရဲ့ လူကြိုက်များအောင်မြင်နေတဲ့ အထင်ကရ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ပင်ကိုယ်စတိုင်၊ပင်ကိုယ်ဆိုဟန်တွေနဲ့ သီချင်းကောင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆို တတ်တာကြောင့် လူငယ်တွေကြား ရေပန်းစားနေ တာပဲ ဖြစ်ပါတယ်။

Hip Hop နဲ့ Rap ဂီတကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ကျော်ထွဠ်ဆွေကိုတော့ ခုချိန်ထိ မသိသူမရှိလောက်အောင် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ အချစ်ရေးဘက်မှာလည်း ဟိုအရင်ထဲက ချစ်သူကောင်မလေးအပေါ် အရမ်းချစ်တဲ့အကြောင်းတွေကို မကြာခဏ သီချင်းဖွဲ့လေ့ရှိပြီး အရမ်းလည်းဂရုစိုက်ချစ်တတ်တာကြောင့်ပရိသတ်တွေအားကျ ချစ်ခင်နေရတဲ့ ဆယ်လီ စုံတွဲလေးလည်းဖြစ် ပါတယ်။

အခုလည်း ချစ်ရတဲ့ ချစ်သူလေးရဲ့ မွေးနေ့လေးကို အမှတ်တရ ဗီဒီယိုလေးနဲ့အတူ ” Happy Birthday Mee Layy ရေ 🥰 ဘဝရဲ့ အဆိုးဆုံးဆိုတဲ့နှစ်တစ်နှစ်ကို အတူတူကျော်ဖြတ်ခွင့် ရခဲ့တဲ့အတွက် ကျေနပ်မိတယ်🥰 ရှေ့လျှောက် အကောင်းဆုံးဆိုတာတွေနဲ့ပဲ ကြုံရပါစေ 🙏🏻 koko love you more and more. ❤️” ဆိုတဲ့ ဆုတောင်းစကားလေး ကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ် ။

Photo – Kyaw Htut Swe
Credit – Cele Channel

Leave a Comment

Your email address will not be published. Required fields are marked *