


Source: Yan Kyaw’s fb

သရုပ်ဆောင် ရန်ကျော် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရန်ကျော် ကတော့ အခုအချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ချစ်ဇနီးမေခလာနဲ့ အချစ်ဆုံးတစ်ဦးတည်းသော သမီးလေး ပြည့်ပြည့် အတွက် အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ ဘဝမှာ ချစ်ဇနီးနဲ့သမီးလေး အတွက် အသက်ရှင်နေတဲ့ ရန်ကျော်က ဒီကနေ့မှာတော့ သူ့ရဲ့ ခံစားချက်နဲ့ ပက်သတ်ပြီး အခုလိုပဲ ရင်ဖွင့်လာပါတယ်။

ရန်ကျော်က “ကျွန်တော့်ဘဝမှာ အချစ်ဆုံး တစ်သက်မှာ တစ်ခါပဲချစ်မယ့်သူ ကျွန်တော့်မိန်းမ ကျွန်တော် အသည်းတုံးလေးသမီး ချစ်ဆုံးဗျာ တစ်နေ့နေ့ တစ်ချိန်ချိန် ကျွန်တော့်ရင်ဘတ်ကြီးကိုခွဲပြီ ကျွန်တော့်သမီးလေးကိုဆွဲထုတ်သွားမှာ ကျွန်တော်အကြောက်ဆုံးပဲဗျာ ကျွန်တော်ကသီချင်းမဆိုတတ်ပါဘူး ဒါပေမဲ့ ကိုထူးအိမ်သင်း သီချင်းလေးတစ်ပုဒ်ကို သိပ်သဘောကျတယ်ဗျာ ကျွန်တော့်မိန်းမနဲ့သမီးလေး ကိုသိပ်ချစ်တယ်ဗျာ ကျွန်တော့်ရဲ့စိတ်လေးကိုနားလည်ပေးပါဗျာ ကျွန်တော့်အကောင့်ထဲမှာရှိတယ် ညီအစ်ကိုမောင်နှမတွေ ကျွန်တော်မိတ်ဆွေတွေ ကျွန်တော်ပြောတာဆိုတာတွေမှားသွားလို့ရှိရင် ကျွန်တော့်ကိုအပြ 0စ်မမြင်ဘဲနဲ့ခွင့်လွှတ်ပေးပါ လို့အနူးအညွတ်တောင်းပန်အပ်ပါတယ်” ဆိုပြီး သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်လာပါတယ်။

ရန်ကျော် ကတော့ ဖခင် တစ်ယောက်ပီပီ သမီးလေးနဲ့ ပက်သတ်ပြီး ခံစားချက် အချို့ကို ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ရန်ကျော် တစ်ယောက် ချစ်ရတဲ့ ဇနီး၊ သမီးလေးနဲ့ ထာဝရအမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Source: Yan Kyaw’s fb
Credit:Cele Connections