နုိင္ငံေက်ာ္သရုပ္ေဆာင္၊ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ ဥကၠာမင္းေမာင္ကေတာ့ အေမရိကားမွာသြားေရာက္ေနထိုင္ျပီးေနာက္ သူ့ရဲ့အိမ္ေထာင္ေရး၊ အခ်စ္ေရးနဲ့ ပက္သတ္ျပီး ပရိသတ္ေတြသိရိွခဲ့ရတာပဲ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္ကေတာ့ သူ့ရဲ့ ပထမအိမ္ေထာင္ကြယ္လြန္သြားခဲ့ျပီးေနာက္ပိုင္းမွာ ဒုတိယေျမာက္အခ်စ္နဲ့ ၾကံဳဆံုခဲ့ရျပီး အခုဆိုရင္ သူ့ရဲ့ခ်စ္သူနဲ့ လည္း လမ္းခြဲလိုက္ျပီ ျဖစ္ပါတယ္။ ေနာက္တစ္ခ်ိန္မွာ ျပႆနာအရႈပ္အရွင္းမရိွခ်င္တဲ့အတြက္ ခ်စ္သူနဲ့ လမ္းခြဲတဲ့အေၾကာင္းကို ပရိသတ္ေတြသိေအာင္ ေျပာျပလာတဲ့ ဥကၠာမင္းေမာင္က ကိုယ္ခ်င္းမစာ ေဝဖန္ရႈံ့ခ်တာေတြနဲ့ ပက္သတ္ျပီး အခုလိုပဲ ေျပာလာပါတယ္။
“ခ်စ္သူနဲ႔ကြဲတဲ့ကိစၥနဲ႔ ပက္သတ္ၿပီး သတင္းေတြထဲ ေဝဖန္ ရႈံ႕ခ်တာေတြကလဲ ဖတ္ေတာင္ မဖတ္ဝံ့ေအာင္ပဲ။ ဪ ကိုယ္လဲသူတို႔ကို ဘာမွလုပ္ေနတာမဟုတ္ သူတို႔အသဲကြဲမွ ကိုယ္ခ်င္းစာတတ္လိမ့္မယ္ထင္ပါတယ္။ LGBT ပဲျဖစ္ျဖစ္ မျဖစ္ျဖစ္ အခ်စ္ဟာ အခ်စ္ပါပဲ။ ၿပီးေတာ့ မီဒီယာမ်ားကြၽန္ေတာ့္ကို အခုအခ်ိန္ထိ သတိတရနဲ႔ေမးၾကတာ ေက်းဇူးတင္ေပမယ့္ ေမးတုန္းက ၄၅ မိနစ္ေလာက္ၾကာတယ္။ တင္ေတာ့ ၄ မိနစ္။ ကိုယ့္အင္တာဗ်ဴးကိုယ္ျပန္ၾကည့္ၿပီး ကိုယ့္ဟာကိုယ္ေတာင္ ဇာတ္ရည္မလည္ဘူးျဖစ္ေနတယ္။ Myanmar Celebrity မွာေတာ့ အင္တာဗ်ဴးအရွည္တင္ေပးထားပါတယ္။ ”
“မီဒီယာေတြသာ ေျပာင္းသြားေပမယ့္ ဘာေၾကာင့္ ခ်စ္သူနဲ႔ ကြဲတာလဲဆိုတဲ့ေမးခြန္းတူတူေတြကို ထပ္ခါတလဲလဲ မေျဖခ်င္ေတာ့ပါဘူး။ ဇာတ္လမ္းက ေျပာရရင္ အရွည္ႀကီးမို႔လိုပါ။ ၿပီးခဲ့တာေတြၿပီးပါေစေတာ့။ ကြဲတာ၂ လနီးပါး ေလာက္ေတာင္ရွိၿပီဆိုေတာ့ စိတ္လဲ အနည္ထိုင္စ တည္ၿငိမ္စျပဳေနပါၿပီ။ ကြၽန္ေတာ့္စိတ္က ခံစားလြယ္တယ္ စိတ္ႏုတယ္ မ်က္ရည္လြယ္တယ္။ အင္တာဗ်ဴးေတြ ေျဖရင္ မ်က္ရည္က်မွာစိုးလို႔ တမင္ ကြဲၿပီးကာစမွာ မေၾကျငာခဲ့တာ။ ျပန္မ်ားႀကိဳက္မလားဆိုၿပီးေစာင့္ေနခဲ့တာ လဲပါပါတယ္။ ဒါေပမဲ့ လူေတြက အင္တာဗ်ဴးမွာ မငိုေတာ့လဲေဝဖန္တယ္။ ငိုလဲေဝဖန္တယ္။ ကြၽန္ေတာ္ social media ေပၚ တက္ၿပီး ငိုခဲပါတယ္။ ငိုတဲ့အခ်ိန္မွာလဲ ကိုယ့္ပုံကိုယ္ ဓါတ္ပုံ အမိအရ႐ိုက္ၿပီး Facebook မတင္တတ္ပါ။”
” ၃ ႏွစ္ေတာင္ခ်စ္ခဲ့တာပဲ။ သံေယာဇဥ္တို႔ ခံစားခ်က္တို႔ကေတာ့ ရွိတာေပါ့။ အေၾကာင္းအရင္းတိုက္ဆိုင္ရင္ သတိရတာေပါ့။ စႀကိဳက္ကတည္းက တအိမ္ထဲ တူတူေနလာတာ လြမ္းတာေပါ့။ ဘာပဲျဖစ္ျဖစ္ အခု ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ဇာတ္လမ္း ၿပီးသြားၿပီဆိုတာ ပရိတ္သတ္ သိရင္ၿပီးတာပါပဲ။ ေနာင္တခ်ိန္မွာ ဘာအရႉပ္အရွင္းမွ မျဖစ္ေအာင္လို႔ ေျပာျပလိုက္တဲ့သေဘာပါပဲ။ ပရိတ္သတ္ ေတြ ထပ္သိခ်င္ေနေသးရင္လဲ ကြၽန္ေတာ္ ထပ္ေျဖသင့္ မေျဖသင့္စဥ္းစားပါမယ္။ အားေပးစကားေျပာၾကတဲ့ ခ်စ္ပရိတ္သတ္မ်ား တစ္ေယာက္ခ်င္းစီကို ေက်းဇူးအမ်ားႀကီးေျပာမျပတတ္ေအာင္တင္ပါတယ္ခင္ဗ်ာ။” ဆိုျပီး ေျပာလာပါတယ္။
ဥကၠာမင္းေမာင္ကေတာ့ (၃) နွစ္ေတာင္ခ်စ္ခဲ့တဲ့ ခ်စ္သူနဲ့ လမ္းခြဲလိုက္ရလို့ စိတ္ထိခိုက္ ေၾကကြဲေနခ်ိန္မွာ ကိုယ္ခ်င္းမစာ ေဝဖန္ရႈံ့ခ်တာေတြေၾကာင့္ပါ ပိုျပီး စိတ္မခ်မ္းမသာျဖစ္ေနရတာပဲ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဥကၠာမင္းေမာင္ကိုခ်စ္တဲ့ ပရိသတ္ေတြက အမ်ားၾကီးရိွတာမို့ ဥကၠာမင္းေမာင္တစ္ေယာက္ မၾကာခင္ စိတ္သက္သာရာရရိွမယ္လို့ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Okkar Min Maung’s fb
Credit – Cele Connections
နိုင်ငံကျော်သရုပ်ဆောင်၊ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ အမေရိကားမှာသွားရောက်နေထိုင်ပြီးနောက် သူ့ရဲ့အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေသိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ ပထမအိမ်ထောင်ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းမှာ ဒုတိယမြောက်အချစ်နဲ့ ကြုံဆုံခဲ့ရပြီး အခုဆိုရင် သူ့ရဲ့ချစ်သူနဲ့ လည်း လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ နောက်တစ်ချိန်မှာ ပြဿနာအရှုပ်အရှင်းမရှိချင်တဲ့အတွက် ချစ်သူနဲ့ လမ်းခွဲတဲ့အကြောင်းကို ပရိသတ်တွေသိအောင် ပြောပြလာတဲ့ ဥက္ကာမင်းမောင်က ကိုယ်ချင်းမစာ ဝေဖန်ရှုံ့ချတာတွေနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။
“ချစ်သူနဲ့ကွဲတဲ့ကိစ္စနဲ့ ပက်သတ်ပြီး သတင်းတွေထဲ ဝေဖန် ရှုံ့ချတာတွေကလဲ ဖတ်တောင် မဖတ်ဝံ့အောင်ပဲ။ ဪ ကိုယ်လဲသူတို့ကို ဘာမှလုပ်နေတာမဟုတ် သူတို့အသဲကွဲမှ ကိုယ်ချင်းစာတတ်လိမ့်မယ်ထင်ပါတယ်။ LGBT ပဲဖြစ်ဖြစ် မဖြစ်ဖြစ် အချစ်ဟာ အချစ်ပါပဲ။ ပြီးတော့ မီဒီယာများကျွန်တော့်ကို အခုအချိန်ထိ သတိတရနဲ့မေးကြတာ ကျေးဇူးတင်ပေမယ့် မေးတုန်းက ၄၅ မိနစ်လောက်ကြာတယ်။ တင်တော့ ၄ မိနစ်။ ကိုယ့်အင်တာဗျူးကိုယ်ပြန်ကြည့်ပြီး ကိုယ့်ဟာကိုယ်တောင် ဇာတ်ရည်မလည်ဘူးဖြစ်နေတယ်။ Myanmar Celebrity မှာတော့ အင်တာဗျူးအရှည်တင်ပေးထားပါတယ်။ ”
“မီဒီယာတွေသာ ပြောင်းသွားပေမယ့် ဘာကြောင့် ချစ်သူနဲ့ ကွဲတာလဲဆိုတဲ့မေးခွန်းတူတူတွေကို ထပ်ခါတလဲလဲ မဖြေချင်တော့ပါဘူး။ ဇာတ်လမ်းက ပြောရရင် အရှည်ကြီးမို့လိုပါ။ ပြီးခဲ့တာတွေပြီးပါစေတော့။ ကွဲတာ၂ လနီးပါး လောက်တောင်ရှိပြီဆိုတော့ စိတ်လဲ အနည်ထိုင်စ တည်ငြိမ်စပြုနေပါပြီ။ ကျွန်တော့်စိတ်က ခံစားလွယ်တယ် စိတ်နုတယ် မျက်ရည်လွယ်တယ်။ အင်တာဗျူးတွေ ဖြေရင် မျက်ရည်ကျမှာစိုးလို့ တမင် ကွဲပြီးကာစမှာ မကြေငြာခဲ့တာ။ ပြန်များကြိုက်မလားဆိုပြီးစောင့်နေခဲ့တာ လဲပါပါတယ်။ ဒါပေမဲ့ လူတွေက အင်တာဗျူးမှာ မငိုတော့လဲဝေဖန်တယ်။ ငိုလဲဝေဖန်တယ်။ ကျွန်တော် social media ပေါ် တက်ပြီး ငိုခဲပါတယ်။ ငိုတဲ့အချိန်မှာလဲ ကိုယ့်ပုံကိုယ် ဓါတ်ပုံ အမိအရရိုက်ပြီး Facebook မတင်တတ်ပါ။”
” ၃ နှစ်တောင်ချစ်ခဲ့တာပဲ။ သံယောဇဉ်တို့ ခံစားချက်တို့ကတော့ ရှိတာပေါ့။ အကြောင်းအရင်းတိုက်ဆိုင်ရင် သတိရတာပေါ့။ စကြိုက်ကတည်းက တအိမ်ထဲ တူတူနေလာတာ လွမ်းတာပေါ့။ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော်တို့ နှစ်ယောက်ဇာတ်လမ်း ပြီးသွားပြီဆိုတာ ပရိတ်သတ် သိရင်ပြီးတာပါပဲ။ နောင်တချိန်မှာ ဘာအရှူပ်အရှင်းမှ မဖြစ်အောင်လို့ ပြောပြလိုက်တဲ့သဘောပါပဲ။ ပရိတ်သတ် တွေ ထပ်သိချင်နေသေးရင်လဲ ကျွန်တော် ထပ်ဖြေသင့် မဖြေသင့်စဉ်းစားပါမယ်။ အားပေးစကားပြောကြတဲ့ ချစ်ပရိတ်သတ်များ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးပြောမပြတတ်အောင်တင်ပါတယ်ခင်ဗျာ။” ဆိုပြီး ပြောလာပါတယ်။
ဥက္ကာမင်းမောင်ကတော့ (၃) နှစ်တောင်ချစ်ခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ရလို့ စိတ်ထိခိုက် ကြေကွဲနေချိန်မှာ ကိုယ်ချင်းမစာ ဝေဖန်ရှုံ့ချတာတွေကြောင့်ပါ ပိုပြီး စိတ်မချမ်းမသာဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဥက္ကာမင်းမောင်ကိုချစ်တဲ့ ပရိသတ်တွေက အများကြီးရှိတာမို့ ဥက္ကာမင်းမောင်တစ်ယောက် မကြာခင် စိတ်သက်သာရာရရှိမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Okkar Min Maung’s fb
Credit – Cele Connections