


Credit– Cele Zone
Photo – Oakkar Min Maung

တိုင်းတပါးမှာတစ်ယောက်တည်းရပ်တည်ရတာ တကယ်ကိုမလွယ်ကူပါဘူး။ ဥက္ကာမင်းမောင် ကတော့ ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း မှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကို ” နေရာသစ် အိမ်အသစ် ဘဝအသစ်မှာ အခြေကျဖို့ကြိုးစားနေဆဲ အခုထိ အိမ်က ပြင်လို့ မပြီးသေးဘူး ဒီနိုင်ငံမှာ တစ်ခါတစ်ခါ အိမ်ပြောင်းရတာလဲမလွယ်ဘူး ပိုက်ဆံလဲ အရမ်းကုန်တယ်.. ရည်းစားနဲ့ပြတ်လို့ စိတ်ညစ်ရတာ တမျိုး အပြောင်းအရွေ့တွေမှာ စိတ်ကော လူကော အရမ်းပင်ပန်းရတာတစ်မျိုး အလုပ်ကတစ်ဖက် အိမ်ပြင်တာကတစ်ဖက် ပြောင်းကာစက ခြေချစရာနေရာတောင်မရှိ ”

” ထမင်းစားဖို့စားပွဲမရှိ ထိုင်စရာမရှိ Online က ဝယ်ထားတာတွေက Covid ကာလမို့ Delay တွေဖြစ် Online ကနေဝယ်ပြီး အလိမ်ခံရတာကပါသေး ယောက်ယက်ကမ္ဘာပါ အမြဲယောက်ယက်ခတ်နေမှ ဥက္ကာမင်းမောင်အစစ် ဟိုးအရင်ကတည်းက တစ်ခါမှ ပရိဘောဂတွေကို အဖြုတ်အတပ်တွေ မလုပ်ဖူးဘူး ဒီတခါတော့ဘယ်ရမလဲ ကွကိုယ်တပ်လိုက်တာ (၆) နာရီလောက်ကြာပြီး သကာလ ကျွန်တော့်ရဲ့ TV stand လေး အောင်မြင်စွာတပ်ဆင်ပြီးသွားပါတယ် ”

” အလယ်က မီးဖို heater လေးလဲပါတယ် ကြိုက်တယ် ကုတင် ထမင်းစားပွဲ လိုက်ကာ ဘီဒိုအကုန် ကိုယ်တိုင်တပ်ထားတာ နည်းနည်းတောင် ကွကိုယ်အထင်ကြီးသွားတယ် တယ်ဟုတ်တဲ့ ငါပါလားပေါ့ ဟဲဟဲ နောက်မှ ဒီနိုင်ငံက အိမ်အပြောင်းအရွှေ့ အတွေ့အကြုံ လေးတွေ Live မှာပြောပြပါဦးမယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ အဆိုးတွေဆိုတာကောင်းဖို့ ဖြစ်လာတာမို့ အမြန်ဆုံး အဆင်ပြေသွားမှာပါ။ယခု လိုဖတ်ကြားပေးတဲ့ ပရိတ်သတ်တွေအားလုံး ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ကြပါစေလို့ဆုနောင်းပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Oakkar Min Maung