ခ်စ္စရာေကာင္းတဲ့ ပါးခ်ိဳင့္ေလးနဲ့ ခ်ိဳသာတဲ့ အျပံဳးေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသား ေကာင္းျမတ္စံကေတာ့ ျဖဴျဖဴေဖြးေဖြးနဲ့ တရုတ္မင္းသားေလးတစ္ေယာက္လို ၾကည့္ေကာင္းသူမို့ မိန္းကေလးပရိသတ္ေတြရဲ့ အားေပးျခင္းကို ခံရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေကာင္းျမတ္စံကေတာ့ ဇာတ္လမ္ းတြဲေတြမ်ားစြာမွာ ပါဝင္သရုပ္ေဆာင္ခဲ့သလုိ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာလည္း က်ရာဇာတ္ရုပ္ကို အေကာင္းဆံုး သရုပ္ေဆာင္နိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွပိုင္ဆိုင္ထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ေကာင္းျမတ္စံကလည္း သူ့ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ အနုပညာအလုပ္ေတြကို တစ္ေန့ထက္တစ္ေန့ ၾကိဳးစားျပီး လုပ္ကိုင္လာတာကို ေတြ့ရပါတယ္။

ေပ်ာ္ေပ်ာ္ေနတတ္ျပီး ပရိသတ္ေတြကို အျမဲတမ္း စေနာက္က်ီစယ္ေလ့ရိွတဲ့ ေကာင္းျမတ္စံက ဒီကေန့မွာလည္း ပရိသတ္ေတြကို အံ့ၾသသြားရေအာင္ ျပဳလုပ္ခဲ့ပါတယ္။ ေကာင္းျမတ္စံက “သူ႔ဘက္က ကြၽန္ေတာ့္ကိုထားခဲ့မွာစိုးလို႔ ဓါတ္ပုံနဲ႔တကြ official ခ်ျပရတာပါ…. ၂ေယာက္လုံးကို ခ်စ္ေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္ဗ်ာ ….” ဆိုျပီး ဘာမွမရိွတဲ့ ပံုအလြတ္ေတြ ကိုခ်ျပျပီး ပရိသတ္ေတြ အံ့ၾသသြားရေအာင္ စေနာက္လာခဲ့တာကို ေတြ့ရပါတယ္။

ေကာင္းျမတ္စံကေတာ့ သူ့ရဲ့ မိန္းကေလးပရိသတ္ေတြကို အသည္းကြဲရေအာင္ ေဆးၾကီးၾကီးထိုး စေနာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေကာင္းျမတ္စံရဲ့ အတည္ေပါက္နဲ့ေနာက္တာကို စိတ္မဆိုးေလာက္ဘူးလုိ့ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Kaung Myat San’s fb
Credit– Cele Connections

ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ ချိုသာတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသား ကောင်းမြတ်စံကတော့ ဖြူဖြူဖွေးဖွေးနဲ့ တရုတ်မင်းသားလေးတစ်ယောက်လို ကြည့်ကောင်းသူမို့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကို ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောင်းမြတ်စံကတော့ ဇာတ်လမ် းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ ကောင်းမြတ်စံကလည်း သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို တစ်နေ့ထက်တစ်နေ့ ကြိုးစားပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကို အမြဲတမ်း စနောက်ကျီစယ်လေ့ရှိတဲ့ ကောင်းမြတ်စံက ဒီကနေ့မှာလည်း ပရိသတ်တွေကို အံ့သြသွားရအောင် ပြုလုပ်ခဲ့ပါတယ်။ ကောင်းမြတ်စံက “သူ့ဘက်က ကျွန်တော့်ကိုထားခဲ့မှာစိုးလို့ ဓါတ်ပုံနဲ့တကွ official ချပြရတာပါ…. ၂ယောက်လုံးကို ချစ်ပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ ….” ဆိုပြီး ဘာမှမရှိတဲ့ ပုံအလွတ်တွေ ကိုချပြပြီး ပရိသတ်တွေ အံ့သြသွားရအောင် စနောက်လာခဲ့တာကို တွေ့ရပါတယ်။

ကောင်းမြတ်စံကတော့ သူ့ရဲ့ မိန်းကလေးပရိသတ်တွေကို အသည်းကွဲရအောင် ဆေးကြီးကြီးထိုး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကောင်းမြတ်စံရဲ့ အတည်ပေါက်နဲ့နောက်တာကို စိတ်မဆိုးလောက်ဘူးလို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Kaung Myat San’s fb
Credit– Cele Connections