Source: Phyo Layy’s fb
ပရိသတ်တွေအား ကျချစ်ခင်ရတဲ့ အနုပညာရှင်စုံ တွဲတွေထဲက တစ်တွဲဖြစ်တဲ့ အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့ လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ နားလည်မှုတွေများစွာနဲ့ ပြီးပြည့်စုံတဲ့ အချစ်ရေးကို ပုံဖော်ထားကြတာပါ။ တူညီတဲ့ အနုပညာနယ်ပယ်မှာ ကျင်လည်နေကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက ချစ်ခြင်းမေတ္တာတွေပြည့် နှက်နေတဲ့ ခရီးလမ်းတစ်ခုကို အတူတူလျှောက် လှမ်းနေသလို အနုပညာအလုပ်တွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ကတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ ချစ်သူသက်တမ်း (၅) နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ ဖြိုးလေးကတော့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့လေးမှာ ဝါဆိုမိုးဦးကို “Happy 5th Anniversary ငါ့သဲလေး.. ဘာလိုလို နဲ့ ၅ နှစ်ပြည့်ခဲ့ပြီ။ ဒီထက်မက ပိုချစ်မယ်။ ဒီထက်မက ဂရုစိုက်မယ်။ ဒီထက်မက စကားနားထောင်မယ်။ ဒီထက်မက လိမ္မာမယ်။ ဒီထက်မက ကြိုးစားမယ်။ ဒီထက်မက… မင်းမျက်နှာလေး အမြဲတမ်း ပြုံးနေအောင် ထားပါ့မယ် လို့ ကတိပေးပါတယ် 😘😘 I love you ❤️” ဆိုပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောလာတာပဲ ဖြစ်ပါတယ်။
ဖြိုးလေးကတော့ ချစ်သူသက်တမ်း (၅) နှစ်ပြည့်နေ့လေးမှာ ချစ်သူ ဝါဆိုမိုးဦးကို ကတိစကားေ လးတစ်ခွန်းနဲ့အတူ ချစ်တဲ့အကြောင်းတွေ တခမ်းတနားေြ ပာလာတာပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦး ချစ်သူသက်တမ်း (၅) နှစ်ပြည့်မှသည် နောက်နှစ် (၅၀) ထိ အချစ်တွေမလျော့တမ်း ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Phyo Layy’s fb
Credit – Cele Connections