



Credit:Swelsone News

ချစ်သူ သက်တမ်း (၁) နှစ်ပြည့် မှာ ချစ်သူဆီက လက်ဆောင် ရခဲ့တဲ့ ကားလေးကို ချစ်သူနဲ ့လမ်းခွဲတဲ့ အချိန်မှာ ပြန်ပေး လိုက်တယ် ဆိုတဲ့ ဖူးဖူး

သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းရဲ့ညီ မလေးဖြစ်တဲ့ ဖူးဖူး ကတော့ သူမကိုယ်တိုင်လည်း သရုပ်ဆောင် မင်းသမီးအဖြစ် အနုပညာလမ်းကြောင်း ထက်မှာ လျှောက်လှမ်းသူလေး ဖြစ်ပါတယ် ။ ဖူးဖူးက သရုပ်ဆော င်တော်သလို ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေအများအပြား ရိုက်ကူးပြီး နာမည်ရခဲ့တာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဖူးဖူးက ချစ်ရတဲ့မိသား စုလေးနဲ့အတူ အေးအေး ချမ်းချမ်း နေထိုင်ရင်း ပျော်စရာအချိန် လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

ဖူးဖူးကတော့ လတ်တလော မှာ ချစ်သူနဲ့ လမ်းခွဲခဲ့ကြတာပဲဖြစ် ပါတယ်။ ချစ်သူသက်တမ်း (၁)နှစ်ပြည့်တုန်းက ရထားတဲ့ ကားလက်ေ ဆာင်ကိုလဲ ပြန်ပေးခဲ့တဲ့ အကြောင်းကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ ရည်းစာ းဟောင်းကို ကားပြန်ပေး ခဲ့တာနဲ့ ပတ်သက်ပြီး ဖူးဖူးက “ချစ်သူ သက်တမ်း (၁) နှစ်ပြည့်မှာ လက်ဆောင် ရခဲ့တဲ့ ကားလေးကို သူ နဲ့ အဆင်မပြေတော့တဲ့ အချိန်မှာ ပြန်ပေးဖြစ် ခဲ့တယ်။ သူပေးတုန်းက တရားဝင် ယူထားခဲ့တာ ဆိုတော့ ပြန်ပေးတဲ့ အချိန်မှာလည်း တရားဝင် ဖြစ်ချင်လို့ Facebook ပေါ် တင်ခဲ့ တာပါ။ Popular ဖြစ်ချင်လို့ မဟုတ်ပါဘူး” လို့ ပြောလာခဲ့ပါတယ်။

ယခုအချိန်မှာတော့ Single ဘဝနဲ့ပျော်ပျော်ရွှင် ရွှင်ဖြတ်သန်း နေတဲ့ ဖူးဖူးရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်အကြီးအတွက် ဖော်ပြပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင် ပါတယ်နော်။

Credit:Swelsone News