ပရိတ်သတ်ကြီးရေ သူမကို စိတ်ရှည်လက်ရှည်နဲ့ ဓါတ်ဖမ်းပေးတတ်တဲ့ ကိုကို လွွှမ်းပိုင်ကို Public မှာ အမွှန်းတင်ပြီး ချဲွလိုက်တဲ့ Bobby Soxer..လူငယ်ကြိုက်တေးသံရှင်နှစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ မအောင်မြင်ခင်ကတည်းက ဂီတလောကမှာ အတူတူကျ င်လည်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး အောင်မြင်လ ာချိန်မှာလည်း ပူးတွဲအောင်မြင်လာခဲ့သူတွေ ဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer က အခုဆိုရင် ချစ်သူသက်တမ်း (၁၁) နှစ်ကျော်ရှိနေပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဆိုတာထက် မောင်နှမလို၊ လုပ်ဖော်ကိုင်ဖက်လို၊ သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်ကြသူများ ဖြစ်ကြပါတယ်။ပရိသတ်တွေကတော့ လွှမ်းပိုင်နဲ့ Bobby Soxer ကို အမြန်ဆုံးလက်ထပ်ဖို့ မျှော်လင့်နေကြပေမယ့် Bobby Soxer ကတော့ သူမအသက် သုံးဆယ်ရောက်မှ လက်ထပ်မယ်လို့ တရားဝင်ထုတ်ပြောထားတာ ဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer ကတော့ ချစ်သူသက်တမ်းတွေကြာလာခဲ့ပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် မလျော့သွားတဲ့ အချစ်တွေနဲ့ တိုးတိုးပြီးချစ်လာတာကို ပရိသတ်ကြီး သတိထားမိမယ် ထင်ပါတယ်။ ဒီကနေ့မှာလည်း Bobby Soxer က သူမကို ဓာတ်ပုံလှလှလေးတွေ အမြဲတမ်းရိုက်ကူးပေးတဲ့ လွှမ်းပိုင်ကို “ဓါတ်ပုံလှလှလေးတွေနောက်မှာ အရမ်းတော်တဲ့ဓါတ်ပုံဆရာရှိပါတယ် 😛” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အချွဲပိုလာခဲ့တာကို တွေ့ရပါတယ်။

Bobby Soxer ကတော့ ချစ်သူလွှမ်းပိုင်ရဲ့ စိတ်ရှည်ရှည်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ချပြရင်း ချစ်သူကို အမွှန်းတင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်လို ဓာတ်ပုံရိုက်တော်ပြီး စိတ်ရှည်တဲ့ ချစ်သူတစ်ယောက်ရရှိထားတဲ့ Bobby Soxer ကို အားကျနေကြမယ် ထင်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။



