လူငယ္ၾကိဳက္ Idiots Band ရဲ့ ပင္တိုင္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေရမြန္ဟာ သီခ်င္းေကာင္းေလးေတြ ကိုယ္တိုင္ခံစားေရးသားသလို သီဆိုခဲ့တာေၾကာင့္ ေအာင္ျမင္မႈေတြရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေရမြန္ရဲ့ သီခ်င္းေတြက လူငယ္ပရိသတ္ေတြျကားမွာ ေရပန္းစားျပီး ဘယ္အခ်ိန္နားေထာင္ေထာင္ မရိုးသြားတဲ့ သီခ်င္းေတြအျဖစ္ ေက်ာ္ၾကားတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း ေရမြန္က သူ့ရဲ့ Idiots Band နဲ့အတူတူ သီခ်င္းသစ္ေတြကို ဆက္လက္ဖန္တီးရင္း ဂီတလမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြနဲ့ ေလွ်ာက္လွမ္းေနဆဲ ျဖစ္ပါတယ္။

လူငယ္တစ္ေယာက္ပီပီ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးေနထိုင္တတ္တဲ့ ေရမြန္က ဒီကေန့မွာေတာ့ သူ့ရဲ့ ခ်စ္သူမိန္းကေလးနဲ့ ခ်စ္သူသက္တမ္း (၁) နွစ္ျပည့္ေန့ေလးမွာ ပရိသတ္ကို သူ့ရဲ့အခ်စ္ေရးနဲ့ ပက္သတ္ျပီး ခ်ျပလာခဲ့ပါျပီ။ ေရမြန္က သူ့ရဲ့ခ်စ္သူမိန္းကေလးကို “Happy 1 Year Anniversary ပါ ေဘဘီ.. ကိုယ္တို႔ဒီေလာက္ၾကာၾကာတြဲေနခဲ့တာမယုံႏိုင္ဘူး။ ဒါေပမယ့္ တို့နွစ္ေယာက္အတူတူ အမွတ္တရေကာင္းေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့တယ္။ ကိုယ္နဲ႔အတူရွိေနေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ 😘” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ခ်စ္စကားဆိုလာတာပဲ ျဖစ္ပါတယ္။

ေရမြန္ကေတာ့ ခ်စ္သူသက္တမ္း (၁) နွစ္ျပည့္ေန့ေလးမွာ သူ့ရဲ့မိန္းကေလးကို လူသိရွင္ၾကားမိတ္ဆက္ေပးလာတာပဲ ျဖစ္ပါတယ္။။ ေရမြန္တို့ ခ်စ္သူနွစ္ဦး ခ်စ္သက္တမ္း (၁) နွစ္ျပည့္မွသည္ ေနာက္နွစ္ေတြမ်ားစြာတိုင္ ထာဝရလက္တြဲနိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wai Mon Oo’s fb
Credit– Cele Connections

လူငယ်ကြိုက် Idiots Band ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ သီချင်းကောင်းလေးတွေ ကိုယ်တိုင်ခံစားရေးသားသလို သီဆိုခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရေမွန်ရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ဘယ်အချိန်နားထောင်ထောင် မရိုးသွားတဲ့ သီချင်းတွေအဖြစ် ကျော်ကြားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရေမွန်က သူ့ရဲ့ Idiots Band နဲ့အတူတူ သီချင်းသစ်တွေကို ဆက်လက်ဖန်တီးရင်း ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ ရေမွန်က ဒီကနေ့မှာတော့ သူ့ရဲ့ ချစ်သူမိန်းကလေးနဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ ပရိသတ်ကို သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ချပြလာခဲ့ပါပြီ။ ရေမွန်က သူ့ရဲ့ချစ်သူမိန်းကလေးကို “Happy 1 Year Anniversary ပါ ဘေဘီ.. ကိုယ်တို့ဒီလောက်ကြာကြာတွဲနေခဲ့တာမယုံနိုင်ဘူး။ ဒါပေမယ့် တို့နှစ်ယောက်အတူတူ အမှတ်တရကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ကိုယ်နဲ့အတူရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 😘” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ချစ်စကားဆိုလာတာပဲ ဖြစ်ပါတယ်။

ရေမွန်ကတော့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ သူ့ရဲ့မိန်းကလေးကို လူသိရှင်ကြားမိတ်ဆက်ပေးလာတာပဲ ဖြစ်ပါတယ်။။ ရေမွန်တို့ ချစ်သူနှစ်ဦး ချစ်သက်တမ်း (၁) နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် ထာဝရလက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Mon Oo’s fb
Credit– Cele Connections