


Credit – Cele Zone
Photo – Nay Chi Oo

နေခြည်ဦးက‌တော့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေပြီး အောင်မြင်မှုတစ်ခုကို အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့ ပရိသတ်တွေစတင်သတိထားမိလာခဲ့ပြီး အခုဆိုရင် social influencerတစ်ယောက်အနေနဲ့ရော မင်းသမီးတစ်ယောက်အနေနဲ့ပါ ရပ်တည်အောင်မြင်နေပြီဖြစ်ပါတယ်။

ချီချီက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်တွေကို ဦးစီး လုပ်ဆောင်နိုင်သူလေးဖြစ်သလို စီးပွားရေးမှာကော အနုပညာလောကမှာပါ အောင်မြင်မှုတွေများစွာရရှိနေသူလေးဖြစ်လို့ အားလုံးက အားကျချစ်ခင်နေကြသလို မိဘနှစ်ပါးက အားကိုးနေရတဲ့ သမီးလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော် ။

ဒါ့အပြင် နေခြည်တို့ မိသားစုလေးက အမြဲလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်စနောက်ကာနေတတ်တာလေးတွေကလည်း ပရိသတ်တွေအဓိကအားကျချစ်ခင်နေရတဲ့ အချက်လေးပါပဲ ။အခုလည်း ချစ်ဖေဖေနဲ့မေမေရဲ့ နှစ်သုံးဆယ်ဖြတ်သန်းလာခဲ့တဲ့ အိမ်ထောင်ရေးအကြောင်းလေးတွေကိုမေးထားတဲ့ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ ချီမေးထားတဲ့ မေးခွန်းလေးတွေကော မိဘနှစ်ပါးပြန်ဖြေထားတဲ့ အဖြေလေးတွေက အရမ်းနားထောင်ကောင်းလွန်းတာကြောင့် ကြည့်ရှုသူတွေလည်းများပြားခဲ့ပါတယ်။ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Nay Chi Oo