ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်ဇနီးမောင်နှံဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီး ရွှေမှုံရတီတို့ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ရွှေနှစ်ရွှေအတွဲလေးကတော့ အနုပညာလောကမှာ ထွန်းလင်းတဲ့အနုပညာကြယ်ပွင့်ဖြစ်သလိုပဲ ရိုမန့်တစ်ဆန်တတ်လွန်းတဲ့ အတွဲလေးတစ်တွဲလို့ ဆိုရမှာပါနော်.။
နှစ်ယောက်လုံးက အနုပညာနယ်ပယ်တွေဖြစ်တဲ့ ဂီတနဲ့ ရုပ်ရှင် နယ်ပယ်နှစ်ခုလုံးမှာ အောင်မြင်နေကြသူတွေဖြစ်ပြီး တစ်ယောက်ရဲ့ အနုပညာအလုပ်ပေါ် တစ်ယောက် ပြန်လည် ထောက်ပံ့ပေးကာ နားလည်မှုတွေ အချစ်တွေနဲ့ သူတို့ရဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားကြသူတွေပါ.။ အိမ်ထောင်သက်တမ်း (၂)နှစ်အတွင်းမှာ ရန်ဖြစ်တာမျိုးမရှိဘဲ တစ်ယောက်နဲ့ တစ်ယောက် အပျောက်မခံကာ ပိုလို့တောင် ချစ်ကြသူတွေဆိုလည်း မှားမယ် မထင်ပါဘူးနော်.။
ရွှေနှစ်ရွှေအတွဲလေးက သူတို့ရဲ့ ရိုမန့်တစ်ဆန်တဲ့ လှုပ်ရှားမှု တစ်ဖြတ်လေး တိုင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ကာ ခံစားချက်တွေကို မျှဝေလေ့ရှိသူတွေပါ.။ ဒီနေ့မှာလည်း ရွှေထူးက ချစ်ရသူ ဇနီးလေး ရွှေမှုံရတီတစ်ယောက် သူ ဂိမ်းဆော့ချိန် ဘေးက ထိုင်ကာ နေပေးတဲ့ ရိုမန့်တစ်ဆန်ဆန် ပုံရိပ်လေးကို သူ့ရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။ ချစ်ဇနီးရွှေမှုံလေး သူ့ကို ငေးကာ ကြည့်နေပုံလေးကို ရွှေထူးတစ်ယောက် ကြည့်ပြီး ကြည်နူးနေပုံပါပဲနော်..။
ရွှေနှစ်ရွှေအတွဲလေးကတော့ နာမည်ကြီးတွေဖြစ်ပေမယ့် တစ်ယောက်အပေါ် တစ်ယောက် ရိုးရှင်းတဲ့ အချစ်တွေနဲ့ ရိုးရိုးလေးပဲဘဝကို ဖြတ်သန်းကာ ပျော်ရွှင်နေကြတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Htoo Khant’s Facebook
Credit ;(Cele Active World)