ပရိသတ်ကြီးရေ သီချင်းကောင်းလေးတွေကို ရေးသား ဖန်တီတဲ့ တေးရေးညီမင်းခိုင်ကတော့ ဒီနေ့မှာ ရန်ကုန်မြို့ကြီးကို ခေတ္တခွဲစွာနှုတ်ဆက်ပြီး မွေးရပ်ဇာတ်မြေကို ပြန်သွားခဲ့ရတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းစွာနဲ့ အသိပေးလာခဲ့ပါတယ်။ ညီမင်းခိုင်ကတော့ မကြာသေးမီကလည်း ကျန်းမာရေးမကောင်းဖြစ်နေတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ် ထင်ပါတယ်။

ညီမင်းခိုင်က ကျန်မာရေးမကောင်းဖြစ်နေခဲ့တာရယ် တခြားအကြောင်းအရာ အခက် အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဇာတိမွေးရပ်မြေကို ပြန်သွားခဲ့တဲ့ အကြောင်းကို “ရင်ဘတ်ထဲက စာချွန်လွှာ” ဆိုပြီး စိတ်မကောင်းစွာနဲ့ အခုလိုပဲရေးသားခဲ့တာပါ။”ရန်ကုန်မြို့ကြီးကိုအချိန်အတိုင်းအတာတစ်ခုအထိ နှုတ်ဆက်ခွဲခွာရတဲ့ ခံစားချက်က လှလှပပတော့ဘယ်ဖြစ်ပါ့မလဲ။ကိုယ့်အသက်တစ်ဝက်လောက်က ဒီပြည်မမှာ လှုပ်ရှားရုန်းကန်ကြိုးစားနေထိုင်ရင်းအချိန်တွေကုန်ဆုံးစေခဲ့တာလေ။အနုပညာအတွက်ခဲရာခဲ ဆစ်ဖြစ်နေတဲ့ယခုလိုအချိန်ကာလမျိုးနှင့် ကျန်းမာရေးချို့တဲ့ခြင်းကံဇာတာတွေကြားမှာ နောက်ဆုံးတော့ မွေးရပ်မြေ မိသားစုအရိပ်အောက် ခဏတာထွက်ခွာနားခိုရတော့မည်မှာ မလွဲဧကန်ပဲပေါ့ အသင်လောက ချစ်ခင်လေးစားရတဲ့ သူငယ်ချင်းမိတ်ဆွေ ဂီတညီအစ်ကိုမောင်နှမများနှင့် ဂီတချစ်ပရိတ်သတ်များအားလုံးကို တလေးတစားနှုတ်ဆက်လွမ်းဆွတ်ရင်း စိတ်မကောင်းခြင်းများစွာနဲ့ NMK. (ခေတ္တအမေ့ရိပ်)ဂီတနှင့်ပြည်မကိုခေတ္တခွဲခွာနှုတ်ဆက်ရင်း” ဆိုပြီး ပရိသတ်တွေကို အနုပညာအလုပ်တွေကို ခေတ္တရပ်နားကြောင်း အသိပေးပြောကြားလာ ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူတို့ ချစ်ခင်အားပေးရတဲ့ တေးရေးညီမင်းခိုင်တစ်ယောက် ကျန်းမာရေးေ တွပြန်ကောင်းပြီး အနုပညာအလုပ်တွေကို အမြန်ဆုံးပြန်လည်လုပ်ဆောင်နိုင်ဖို့နဲ့ အစဉ်အမြဲအားပေးနေကြောင်း အားပေးစကားပြောဆိုနေခဲ့ကြပါတယ်။ ပရိသတ်ကြီးတွေထဲက တေးရေးညီမင်းခိုင်ရဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေး ကိုမျှဝေဖော်ပြပေ းလိုက်ပါတယ်နော်။

Credit ; CeleZone

Source – Nyi Min Khine

ပရိသတ္ႀကီးေရ သီခ်င္းေကာင္းေလးေတြကို ေရးသား ဖန္တီတဲ့ ေတးေရးညီမင္းခိုင္ကေတာ့ ဒီေန႔မွာ ရန္ကုန္ၿမိဳ႕ႀကီးကို ေခတၱခြဲစြာႏႈတ္ဆက္ၿပီး ေမြးရပ္ဇာတ္ေျမကို ျပန္သြားခဲ့ရတဲ့ အေၾကာင္း သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန စိတ္မေကာင္းစြာနဲ႔ အသိေပးလာခဲ့ပါတယ္။ ညီမင္းခိုင္ကေတာ့ မၾကာေသးမီကလည္း က်န္းမာေရးမေကာင္းျဖစ္ေနတာ ပရိသတ္ေတြလည္း သိရွိၿပီးသားျဖစ္မယ္ ထင္ပါတယ္။

ညီမင္းခိုင္က က်န္မာေရးမေကာင္းျဖစ္ေနခဲ့တာရယ္ တျခားအေၾကာင္းအရာ အခက္ အခဲေတြနဲ႔ ၾကဳံေတြ႕ေနရတာေၾကာင့္ ဇာတိေမြးရပ္ေျမကို ျပန္သြားခဲ့တဲ့ အေၾကာင္းကို “ရင္ဘတ္ထဲက စာခၽြန္လႊာ” ဆိုၿပီး စိတ္မေကာင္းစြာနဲ႔ အခုလိုပဲေရးသားခဲ့တာပါ။”ရန္ကုန္ၿမိဳ႕ႀကီးကိုအခ်ိန္အတိုင္းအတာတစ္ခုအထိ ႏႈတ္ဆက္ခြဲခြာရတဲ့ ခံစားခ်က္က လွလွပပေတာ့ဘယ္ျဖစ္ပါ့မလဲ။ကိုယ့္အသက္တစ္ဝက္ေလာက္က ဒီျပည္မမွာ လႈပ္ရွား႐ုန္းကန္ႀကိဳးစားေနထိုင္ရင္းအခ်ိန္ေတြကုန္ဆုံးေစခဲ့တာေလ။အႏုပညာအတြက္ခဲရာခဲ ဆစ္ျဖစ္ေနတဲ့ယခုလိုအခ်ိန္ကာလမ်ိဳးႏွင့္ က်န္းမာေရးခ်ိဳ႕တဲ့ျခင္းကံဇာတာေတြၾကားမွာ ေနာက္ဆုံးေတာ့ ေမြးရပ္ေၿမ မိသားစုအရိပ္ေအာက္ ခဏတာထြက္ခြာနားခိုရေတာ့မည္မွာ မလြဲဧကန္ပဲေပါ့ အသင္ေလာက ခ်စ္ခင္ေလးစားရတဲ့ သူငယ္ခ်င္းမိတ္ေဆြ ဂီတညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ ဂီတခ်စ္ပရိတ္သတ္မ်ားအားလုံးကို တေလးတစားႏႈတ္ဆက္လြမ္းဆြတ္ရင္း စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ NMK. (ေခတၱအေမ့ရိပ္)ဂီတႏွင့္ျပည္မကိုေခတၱခြဲခြာႏႈတ္ဆက္ရင္း” ဆိုၿပီး ပရိသတ္ေတြကို အႏုပညာအလုပ္ေတြကို ေခတၱရပ္နားေၾကာင္း အသိေပးေျပာၾကားလာ ခဲ့တာပဲျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း သူတို႔ ခ်စ္ခင္အားေပးရတဲ့ ေတးေရးညီမင္းခိုင္တစ္ေယာက္ က်န္းမာေရးေ တြျပန္ေကာင္းၿပီး အႏုပညာအလုပ္ေတြကို အျမန္ဆုံးျပန္လည္လုပ္ေဆာင္နိုင္ဖို႔နဲ႔ အစဥ္အျမဲအားေပးေနေၾကာင္း အားေပးစကားေျပာဆိုေနခဲ့ၾကပါတယ္။ ပရိသတ္ႀကီးေတြထဲက ေတးေရးညီမင္းခိုင္ရဲ့ ပရိသတ္ေတြအတြက္ ဒီသတင္းေလး ကိုမၽွေဝေဖာ္ျပေပး လိုက္ပါတယ္ေနာ္။

Credit ; CeleZone

Source – Nyi Min Khine