



Credit ; MM Load

ပရိတ်သတ်ကြီးရေ….အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ ဝါရင့် သရုပ်ဆောင် မင်းသားကျော်ရဲအောင်ပဲ ဖြစ်ပါတယ်။သူဟာ ကာရိုက်တာမျိုးစုံကို ဟာကွက်မရှိအောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် အနုပညာသမားအချင်းချင်းကပါ လေးစား အားကျနေကြတာလည်း ဖြစ်ပါတယ်။ ကျော်ရဲအောင်ဟာ သူ့ရဲ့သမီးချောလေး မှုန်နံ့သာကျော်ရဲအောင်ကိုပါ အနုပညာအမွေတွေကိုအပြည့်အဝ ပေးခဲ့တာလည်း ဖြစ်ပါတယ်နော်။

သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ဟာလည်း လူငယ်ဆန်တဲ့ ပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်နေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ ကြော်ငြာလေးတွေကို ရိုက်ကူးနေပြီး ဇာတ်လမ်းတွဲများမှာလည်းပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မှုံနံ့သာကျော်ရဲအောင်ရဲ့ Instagram Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ငံပြာရည်အနံ့ကိုမခံနိုင်ပေမယ့် သူမအရမ်းစားချင်နေတဲ့အချဉ်ပေါင်းကိုသည်းခံပြီးသွားဝယ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူကျော်ရဲအောင်ရဲ့ အကြောင်းလေးကို ပြောပြထားတာပဲ ဖြစ်ပါတယ်။

သူမကလည်း ” aww ငံပြာရည်နံ့မခံနိုင်တဲ့ ငါ့အဖေဘေးနားကဖြတ်သွားတဲ့ အချဉ်ပေါင်း ဝယ်ပေးရှာတယ် he’s so cuteee” ဆိုပြီးရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source and Photo Crd- Hmone Nathar’s IG Account
Credit ; MM Load