ဆောင်းယွန်းစံကတော့ ပရိသတ်တွေ ရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းက ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ ရရာနေရာကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါ တယ်။

အခုလို အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး လိုအပ်တာတွေ မကြာခဏ လှူဒါန်းလေ့ရှိပါတယ်။ ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေ သူလေးမို့ ပရိသတ်တွေက လေးစား ချစ်ခင်ေ နရ တာပါ ။

ဒီနေ့မှာလည်း စစ်ဘေးရှောင်စခန်းတွေအတွက် မြို့မလူမူ့ကူညီရေး အသင်းနဲ့ စုပေါင်းကာ စားနပ်ရိက္ခာ များ လှူဒါန်းခဲ့ပြန်ပါတယ် ။ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတိူ့အတွက် အဓိက လိုနေတာကတော့ မိုးကာအကျီတွေပါ.. ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပြီး .. မိုးကာအင်္ကျီတွေပဲ လိုအပ်ပါတော့တယ်..မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်.. ၁ဝဝဝပဲဖစ်ဖစ် ၂ဝဝဝပဲဖစ်ဖစ် နိုင်သလောက် လှုဒါန်းပေးပါ..အားလုံးစုပီးရသလောက်ဝယ်ပီးလှူဒါန်းပေးပါမယ်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း အလှူလေးမှာ ပါဝင်နိုင်ရန် ပြန်လည်ဝေမျှပေးလိုက် ပါ တယ် ။

Credit – Cele Zone

Photo – Saung Yoon San

ေဆာင္းယြန္းစံကေတာ့ ပရိသတ္ေတြ ရဲ့တစ္ခဲနက္ အားေပးခ်စ္ခင္မႈေတြနဲ႔အတူ အႏုပညာေလာကမွာ ေနရာတစ္ခု အခိုင္အမာရရွိထားကာ ေအာင္ျမင္မႈေတြနဲ႔ေလၽွာက္လွမ္းေနသူပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းက ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ အေျခအေနေတြေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြကို ရပ္နားထားၿပီး ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ ရရာေနရာကေန တစ္တပ္တစ္အား ပါဝင္အားျဖည့္ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ လည္း ျဖစ္ပါတယ္။

အခုလို အေျခအေနေတြေၾကာင့္ အေနအထိုင္ အစားအေသာက္ ခက္ခဲေနၾကတဲ့ ျပည္သူအခ်ိဳ႕ကိုလည္း မိတ္ေဆြေတြနဲ႔ အတူစုေပါင္းၿပီး လိုအပ္တာေတြ မၾကာခဏ လႉဒါန္းေလ့ရွိပါတယ္။ ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေန သူေလးမို႔ ပရိသတ္ေတြက ေလးစား ခ်စ္ခင္ေ နရ တာပါ ။

ဒီေန႔မွာလည္း စစ္ေဘးေရွာင္စခန္းေတြအတြက္ ၿမိဳ႕မလူမူ႔ကူညီေရး အသင္းနဲ႔ စုေပါင္းကာ စားနပ္ရိကၡာ မ်ား လႉဒါန္းခဲ့ျပန္ပါတယ္ ။ အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ၿမိဳ႕မလူမူ႔ကူညီေရးအသင္းနဲ႔ ေပါင္းပီး စစ္ေဘးေရွာင္ စခန္းေတြမွာ မုန႔္ေတြသြားလႈခဲ့ပါတယ္ လက္ရွိမွာသူတိူ႔အတြက္ အဓိက လိုေနတာကေတာ့ မိုးကာအက်ီေတြပါ.. ခ်င္းျပည္ကစစ္ေဘးေရွာင္ စခန္းပို႔ဖို႔လဲ ေဆးဝါး အစားအေသာက္ အေႏြးထည္ ေစာင္ အားလုံးစီစဥ္ၿပီး .. မိုးကာအကၤ်ီေတြပဲ လိုအပ္ပါေတာ့တယ္..မိုးကာအကၤ်ီေတြ လႉဒါန္းေပးဖို႔ ေတာင္းဆိုပါရေစ.. ေဆာင္းလဲ အမ်ားႀကီးမလႈနိုင္ေတာ့လို႔ပါ.. အထည္ ၁၀၀၀ ေလာက္လိုအပ္ပါမယ္..တထည္ ကို ငါးေထာင္ေလာက္က်ပါမယ္.. ၁ဝဝဝပဲဖစ္ဖစ္ ၂ဝဝဝပဲဖစ္ဖစ္ နိုင္သေလာက္ လႈဒါန္းေပးပါ..အားလုံးစုပီးရသေလာက္ဝယ္ပီးလႉဒါန္းေပးပါမယ္..” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း အလႉေလးမွာ ပါဝင္နိုင္ရန္ ျပန္လည္ေဝမၽွေပးလိုက္ ပါတယ္ ။

Credit – Cele Zone

Photo – Saung Yoon San