



သရုပ်ဆောင် မင်းသား စည်ဖြိုးကတော့ သရုပ်ဆောင်ကောင်းသလို စိတ်သဘောထားလည်းကောင်းမွန်တာကြောင့် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးသာမက ခင်မင်ရင်းနှီးရသူတွေပါ ချီးကျူးကြ သူတစ်ယောက် ဖြစ်ပါတယ်။သရုပ်ဆောင်မင်းသား စည်ဖြိုးတင်မကပဲ စည်ဖြိုးရဲ့ တစ်မိသားစုလုံးကလည်း စိတ်ထားကောင်းပြီး အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတတ်တာကြောင့် စိတ်ထားကောင်းတဲ့ မိသားစုအဖြစ် ပရိသတ်တွေက ချစ်ကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မင်းသား စည်ဖြိုးတို့မိသားစုရဲ့ ဝန်ထမ်းတစ်ဦးက သူ့အပေါ်ကို စေတနာမေတ္တာထားပြီး မိသားစုဝင်လို သဘောထားပေးတဲ့ စည်ဖြိုးတို့မိသားစု အကြောင်းကို အခုလိုပဲ ထုတ်ဖော်ပြောပြလာပါတယ်..။

“ အန်တီသီရော ဦးလေးဦးထွန်းအောင်ရော မင်းသားကိုရော ကိုဖိုးပြည့်ကိုရော အရမ်းချစ် တယ်ဗျာ။ ဝန်ထမ်းတွေကို လစာတွေမုန့်ဖိုးတွေတင်မဟုတ်ဘူး။ဆေးပါ ရောဂါပျောက်ကင်းတဲ့အထိ ကုပေးတာ။ ဘယ်သူ့ကိုမို့လို့ဆိုပြီးမရှိဘူး။ ဝန်ထမ်းတိုင်းကို သားသမီးအရင်းပမာ တန်းတူ ကုပေးတာ။ ဒီလို အလုပ်ရှင်မိသားစုမျိုး တစ်ကယ်ရှားတယ်ဗျာ။ ဒီနေ့ အန်တီ သီတို့မိသားစုကုပေးတဲ့ ပင်လုံဆေးရုံမှာ ကျွန်တော့်ရောဂါရဲ့ Operationေ အာင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ အန်တီတို့မိသားစုကို ရှိခိုးဦးခိုက်ပါတယ်။ မင်းသားလဲ လုပ်ငန်းတွေကို ပစ်ပြီးတော့ ကျွန်တော့်ဆီအပြေးရောက်လာတယ်။ အစကနေအဆုံးထိ အိမ်ပြန်ရောက်တဲ့အထိ ဘေးမှာအတူ ရှိနေပေးတာဗျာ။အားအရမ်းရှိတာပေါ့ ” ဟုဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်မင်းသား စည်ဖြိုးတို့ မိသားစုကတော့ ဝန်ထမ်းတွေကို လစာပေးခန့်ထားတယ်ဆိုတဲ့ အလုပ်ရှင်စိတ်ဓာတ်မျိုးမရှိပဲ သားသမီးသဖွယ်၊ မိသားစုသဖွယ် ဆက်ဆံပြီး လိုလေသေးမရှိ ပြည့် စုံအောင် ဖန်တီးပေးထားတယ်ဆိုတဲ့ ဒီဝန်ထမ်းလေးရဲ့ အဖြစ်က သက်သေပါပဲ။ စိတ်ထားကောင်းတဲ့ စည်ဖြိုးတို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရ လှူနိုင်တန်းနိုင်ပြီး အောင်မြင်တိုးတက်ကြီးပွားပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ေ ကာင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Jar Jarr Thwayy Thit’s fb
Credit – Cele Connections