မဂၤလာပါ ပရိတ္သတ္ၾကီးေရ…..ေအာင္ျမင္မႈေတြအခိုင္အမာရရွိထားတဲ့ သႏၲာလွိုင္ ကေတာ့ မိသားစုလိုက္ လူထု လႈပ္ရွားမႈေတြကို အားႀကိဳးမာန္တတ္လုပ္ေဆာင္ေနၿပီး ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ အဖက္ဖက္ကေန ပါဝင္အားျဖည့္ေနသူပဲ ျဖစ္ပါတယ္..။ တတ္နိုင္တဲ့ဘက္ကေန လႉဒါန္းမႈေတြကိုလည္း လုပ္ေဆာင္ေနတဲ့ သူမ ကေတာ့ လက္ရွိ အေျခအေနေတြေၾကာင့္ စားဝတ္ေနေရး ခက္ခဲပင္ပန္းေနၾကတဲ့ ျပည္သူေတြအတြက္ စားနပ္ရိကၡာေတြေပးေဝလႉဒါန္းခဲ့တာလည္း ေတြ႕ရပါတယ္..။

ဒုတိယအႀကိမ္ လႉဒါန္းမႈျဖစ္တဲ့ အဆိုပါအလႉကိုေတာ့ အခက္အခဲေတြနဲ႔ရင္ဆိုင္ၾကဳံေတြ႕ေနၾကရၿပီး တကယ္လိုအပ္ေနတဲ့ ဒလဖက္ အျခမ္းအနီးနားရြာက ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝ လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္..။ထမင္းမစားရတာရက္အေတာ္ၾကာတဲ့အထိ စားဝတ္ေနေရး ခက္ခဲေနၾကရလို႔ ယူလာတဲ့အထုတ္ေတြေတာင္မေလာက္ငွခဲ့ဘဲ ကေလးသူငယ္နဲ႔ မိသားစုဝင္မ်ားေနတဲ့အိမ္ေတြ၊ အဖိုးအဖြားအိမ္ေတြကို ဦးစားေပးလႉျဖစ္ခဲ့ၿပီး အားတင္းထားဖို႔ေျပာရင္း ထပ္မံလႉဒါန္းဦးမယ့္အေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္..။

“T Fitness မိသားစုဝင္မ်ား ကိုယ္စား အားလုံး ဝိုင္းဝန္းကူညီမႈနဲ႔ ဒုတိယအႀကိမ္ အကူအညီလိုသူမ်ားထံ ပံ့ပိုးမႈေလး ေအာင္ျမင္ခဲ့ပါတယ္။ ဒီတခါေတာ့ ဒလဖက္အျခမ္းနဲ႔ အနီးနားက ရြာေတြက တကယ္အကူအညီလိုအပ္ေနတဲ့ ေနရာေတြကို ေမးျမန္းၿပီး ပံ့ပိုးနိုင္ ခဲ့ပါတယ္။ ထမင္းမစားရတာ ရက္အေတာ္ၾကာတဲ့အထိ ဒုကၡေရာက္ေနၾကတယ္လို႔ သိရၿပီး ယူလာတဲ့ အထုတ္ေတြေတာင္ မေလာက္ခဲ့လို႔ ကေလးသူငယ္နဲ႔ မိသားစုဝင္မ်ားေနတဲ့အိမ္ေတြ၊ အဖိုးအဖြားအိမ္ေတြကို ဦးစားေပး ခဲ့ပါတယ္။

အကူအညီလိုအပ္ေနသူေတြကို အားတင္းထားၾကဖို႔ အားေပးရင္း မၾကာခင္ ထပ္မံ ပံ့ပိုးနိုင္ ဖို႔လည္း ကတိျပဳခဲ့ပါတယ္။ T Fitness မိသားစုဝင္မ်ားနဲ႔အတူ ပါဝင္လႉဒါန္းခဲ့ၾကတဲ့၊ လုပ္အားျဖည့္ ကူညီခဲ့ၾကတဲ့ ဗိုလ္ရာညြန႔္မိသားစုမ်ားႏွင့္ ေယာမင္းႀကီး လူငယ္မ်ား၊ ပါဝင္ကူညီၾကသူမ်ား အားလုံးအတြက္လည္း ဂုဏ္ယူပါတယ္။ ကၽြန္မတို႔ ျပည္သူေတြရဲ့ အေျခခံ Basic Human Rights ျဖစ္တဲ့ က်န္းမာေရး Health & Fitness ကိုလည္း လက္လွမ္းမွီ ရယူနိုင္ဖို႔ T Fitness Application ကို အခမဲ့ အသုံးျပဳရန္ code နံပတ္ေလးနဲ႔ အခ်ိန္အကန႔္အသတ္မရွိ ဖြင့္ေပးထားပါတယ္ေနာ္၊ အေရးေတာ္ပုံ ေအာင္ရမည္ !. .” ဆိုၿပီး အလႉနဲ႔ ပတ္သက္ၿပီး သႏၲာလွိုင္က သူမရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာကေန အသိေပးေျပာျပထားတာပါ..။

Photo Credit – Thandar Hlaing သႏၲာလွိုင္ Fb Acc
Credit…..

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သန္တာလှိုင် ကတော့ မိသားစုလိုက် လူထု လှုပ်ရှားမှုတွေကို အားကြိုးမာန်တတ်လုပ်ဆောင်နေပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ အဖက်ဖက်ကနေ ပါဝင်အားဖြည့်နေသူပဲ ဖြစ်ပါတယ်..။ တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်နေတဲ့ သူမ ကတော့ လက်ရှိ အခြေအနေတွေကြောင့် စားဝတ်နေရေး ခက်ခဲပင်ပန်းနေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေပေးဝေလှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။

ဒုတိယအကြိမ် လှူဒါန်းမှုဖြစ်တဲ့ အဆိုပါအလှူကိုတော့ အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပြီး တကယ်လိုအပ်နေတဲ့ ဒလဖက် အခြမ်းအနီးနားရွာက ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။ထမင်းမစားရတာရက်အတော်ကြာတဲ့အထိ စားဝတ်နေရေး ခက်ခဲနေကြရလို့ ယူလာတဲ့အထုတ်တွေတောင်မလောက်ငှခဲ့ဘဲ ကလေးသူငယ်နဲ့ မိသားစုဝင်များနေတဲ့အိမ်တွေ၊ အဖိုးအဖွားအိမ်တွေကို ဦးစားပေးလှူဖြစ်ခဲ့ပြီး အားတင်းထားဖို့ပြောရင်း ထပ်မံလှူဒါန်းဦးမယ့်အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

“T Fitness မိသားစုဝင်များ ကိုယ်စား အားလုံး ဝိုင်းဝန်းကူညီမှုနဲ့ ဒုတိယအကြိမ် အကူအညီလိုသူများထံ ပံ့ပိုးမှုလေး အောင်မြင်ခဲ့ပါတယ်။ ဒီတခါတော့ ဒလဖက်အခြမ်းနဲ့ အနီးနားက ရွာတွေက တကယ်အကူအညီလိုအပ်နေတဲ့ နေရာတွေကို မေးမြန်းပြီး ပံ့ပိုးနိုင် ခဲ့ပါတယ်။ ထမင်းမစားရတာ ရက်အတော်ကြာတဲ့အထိ ဒုက္ခရောက်နေကြတယ်လို့ သိရပြီး ယူလာတဲ့ အထုတ်တွေတောင် မလောက်ခဲ့လို့ ကလေးသူငယ်နဲ့ မိသားစုဝင်များနေတဲ့အိမ်တွေ၊ အဖိုးအဖွားအိမ်တွေကို ဦးစားပေး ခဲ့ပါတယ်။

အကူအညီလိုအပ်နေသူတွေကို အားတင်းထားကြဖို့ အားပေးရင်း မကြာခင် ထပ်မံ ပံ့ပိုးနိုင် ဖို့လည်း ကတိပြုခဲ့ပါတယ်။ T Fitness မိသားစုဝင်များနဲ့အတူ ပါဝင်လှူဒါန်းခဲ့ကြတဲ့၊ လုပ်အားဖြည့် ကူညီခဲ့ကြတဲ့ ဗိုလ်ရာညွန့်မိသားစုများနှင့် ယောမင်းကြီး လူငယ်များ၊ ပါဝင်ကူညီကြသူများ အားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ အခြေခံ Basic Human Rights ဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကိုလည်း လက်လှမ်းမှီ ရယူနိုင်ဖို့ T Fitness Application ကို အခမဲ့ အသုံးပြုရန် code နံပတ်လေးနဲ့ အချိန်အကန့်အသတ်မရှိ ဖွင့်ပေးထားပါတယ်နော်၊ အရေးတော်ပုံ အောင်ရမည် !. .” ဆိုပြီး အလှူနဲ့ ပတ်သက်ပြီး သန္တာလှိုင်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာပါ..။

Photo Credit – Thandar Hlaing သန္တာလှိုင် Fb Acc
Credit…..