ပရိတ္သတ္ၾကီးေရ သ႐ုပ္ေဆာင္မင္းသား ေဒါင္းကေတာ့ ေဖေဖာ္ဝါရီလအစကတည္းက ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ေပးေနတာလည္း ျဖစ္ပါတယ္။ သူေရာက္ရွိေနတဲ့ ေနရာကေနလည္း လူထုလႈပ္ရွားမႈေတြကို တက္တက္ႂကြႂကြပါဝင္ေပးေနတာလည္း ျဖစ္ပါတယ္။

တတ္ႏိုင္တဲ့ဘက္ကေန အလႉေငြေတြ လႉဒါန္းေပးေနသလို ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားေတြအတြက္ လူမႈကြန္ယက္မ်ားမွတစ္ဆင့္ Speak out လုပ္ေပးေနတာကိုလည္း ျမင္ေတြ႕ေနရတာပါ။ အခုလို တတ္ႏိုင္တဲ့ဘက္ကေန ကူညီေပးေနတဲ့ ေဒါင္းရဲ႕လုံၿခဳံမႈအတြက္ ပရိသတ္ေတြက အထူးစိုးရိမ္ပူပန္ေနၾကတာလည္း ျဖစ္ပါတယ္။

လတ္တေလာ ေဒါင္းရဲ႕လုံၿခံမႈအတြက္ကေတာ့ စိတ္ပူစရာမလိုပါဘူးေနာ္။ ပရိသတ္ေတြ စိုးရိမ္ေနမွာသိတဲ့အတြက္လည္း Stylist တစ္ေယာက္က သူ႔ရဲ႕ Instagram Story မွာ ေဒါင္းရဲ႕ဗီဒီယိုဖိုင္တစ္ခုကို ေဝမွ်ေပးထားတာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ လုံၿခဳံေရးအေျခအေနေၾကာင့္ ဘယ္ေနရာေရာက္ေနတယ္ဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ ဒါေပမယ့္ အခုလို ေအးခ်မ္းစြာနဲ႔ ရွိေနတာကို ျမင္ေတြ႕လိုက္ရတာေၾကာင့္ အနည္းငယ္ေတာ့ သူ႔အတြက္ စိုးရိမ္ေနတာေတြ ေလ်ာ့ၾကသြားေစမွာပါ။ ေဒါင္းကို စိတ္ပူေနၾကတဲ့ ျပည္သူေတြ စိတ္ခ်မ္းသာသြားေအာင္ ဒီဗီဒီယိုဖိုင္ေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Credit…..

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသား ဒေါင်းကတော့ ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေတာလည်း ဖြစ်ပါတယ်။ သူရောက်ရှိနေတဲ့ နေရာကနေလည်း လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွပါဝင်ပေးနေတာလည်း ဖြစ်ပါတယ်။

တတ်နိုင်တဲ့ဘက်ကနေ အလှူငွေတွေ လှူဒါန်းပေးနေသလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေအတွက် လူမှုကွန်ယက်များမှတစ်ဆင့် Speak out လုပ်ပေးနေတာကိုလည်း မြင်တွေ့နေရတာပါ။ အခုလို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတဲ့ ဒေါင်းရဲ့လုံခြုံမှုအတွက် ပရိသတ်တွေက အထူးစိုးရိမ်ပူပန်နေကြတာလည်း ဖြစ်ပါတယ်။

လတ်တလော ဒေါင်းရဲ့လုံခြံမှုအတွက်ကတော့ စိတ်ပူစရာမလိုပါဘူးနော်။ ပရိသတ်တွေ စိုးရိမ်နေမှာသိတဲ့အတွက်လည်း Stylist တစ်ယောက်က သူ့ရဲ့ Instagram Story မှာ ဒေါင်းရဲ့ဗီဒီယိုဖိုင်တစ်ခုကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လုံခြုံရေးအခြေအနေကြောင့် ဘယ်နေရာရောက်နေတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် အခုလို အေးချမ်းစွာနဲ့ ရှိနေတာကို မြင်တွေ့လိုက်ရတာကြောင့် အနည်းငယ်တော့ သူ့အတွက် စိုးရိမ်နေတာတွေ လျော့ကြသွားစေမှာပါ။ ဒေါင်းကို စိတ်ပူနေကြတဲ့ ပြည်သူတွေ စိတ်ချမ်းသာသွားအောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit…..

Leave a Comment

Your email address will not be published. Required fields are marked *