Credit
ပရိသတ်ကြီးရေ သရုပ်ဆောင် မောင်ကတော့ အနှစ်နှစ်အလလလက်တွဲလာတဲ့ သူ့ကောင်မလေးကို တော်တော်ချစ်လွန်းသူပါနော်။ ကိုဗစ်ရောဂါကူးစက်ခံနေရသူများ လိုအပ်တာတွေကို တိုင်ပင်ဆွေးနွေးပေးနေတဲ့ ကြားက သူ့ရဲ့ချစ်သူကိုလည်း အချိန်ပေးပါသေးတယ်နော်။
ချစ်သူ စိတ်ညစ်နေတယ်ဆိုတာနဲ့ ချက်ချင်း video call ခေါ်ပြီး ကပြနေတဲ့ မောင်ရဲ့ ချစ်တတ်ပုံကတော့လက်ဖျားခါလောက်ပါတယ်နော်။ အခုလက်ရှိလိုအပ်နေတဲ့ အောက်ဆီဂျင်အိုးတွေကိုလည်း လှူဒါန်းနိုင်ဖို့အတွက်လည်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းကောင် းပါးထား ပါသေးတယ်နော်။
“ စိတ်ညစ်စရာတွေပဲများနေလို့ သတင်းကောင်းလေးတင်ပေးပါမယ်…📣📣📣အောက်စီဂျင်စက်ရုံ ( 50Nm3/h ) ကို မှာယူလိုက်ပါပြီ။အမြန်ဆုံးရောက်လာဖို့ကြိုးစားနေကြပါတယ်..ကိုဇေနဲ့ မနန္ဒာ မိသားစုကတစ်ဦးတည်း အလှူရှင်အဖြစ်လှူမှာပါ…တစ်ရက်ကို 40L အလုံး ၂၀၀ ဖြည့်ပေးနိုင်မှာပါ။ထူးခြားချက် ကတော့ စက်ရှိတဲ့ဆီလာဖြည့်စရာ မလိုပဲ ကွန်တင်နာကားနဲ့တင်ပြီး မြို့ပတ်ပြီး လိုက်ဖြည့်ပေးမှာပါ…😊😊😊ဒီသတင်း ကြားကြားချင်း ပျော်လွန်းလို့..တခြားသူတွေလည်းပျော်ရအောင်တင်ပေးလိုက်ပါတယ်..အားလုံးပဲ ဖိုက်တင်း 💪💪💪” လို့ ရေးသားထား ပါတယ်နော်။
Credit