လူတိုင်းဟာချစ်ခြင်းတရားနဲ့ထိုက်တန်ပါတယ်။ LGBT တွေဟာလည်း အပြန်အလှန် မေတ္တာပေးနိုင်တဲ့သူအချင်းချင်း လွတ်လပ်စွ ာချစ်ခွင့်ရှိကြပါတယ်။ သုသုကတော့ သူမကို တန်ဖိုးထားပြီးချစ်ခင်တဲ့ ချစ်သူကောင်းတစ် ယောက်ကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ လက်တွဲလာတဲ့ သက်တမ်းတစ်လျှောက်မှာလည်း ကတောက်ကဆလေးတွေရှိခဲ့ပေမယ့် လက်တွဲမဖြုတ်ဘဲ ချစ်မြဲချစ်နေဆဲပါပဲ။

ကိုယ့်အလုပ်အပေါ်မှာစေတ နာထားရုံတင်မကဘဲ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာ လည်း စိတ်ကောင်းထားလို့ သုသုကိုလည်း မေတ္တာစစ်ပေးတဲ့သူနဲ့ဆုံဆည်းနိုင်ခဲ့တာပါ။ အလှူလေးတွေလည်းမ ကြာခဏလုပ်သလို ကာလဒါနလေးတွေလည်း လုပ်တတ်ပါသေးတယ်။ စိတ်ကောက် နေတဲ့သုသုအတွက် ချစ်သူရဲ့ချော့နည်းချော့ဟန်ဟာ တကယ့်ကို ရိုဆန်လွန်းပါတယ်။

ချစ်သူပေးတဲ့ရိုဆန်ဆန်ပိုက်ဆံပန်းစည်းလေးနဲ့ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို ” စိတ်ကောက်တာတောင် အပြည့်အဝ မကောက်ရဲဘူး အချော့မခံရဘဲ ပစ်ထားခဲ့မှာဆိုးလို့ ချော့တော့လည်း ဒါမျိုး ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ တစ်သက်လုံး ပျော်ရွှင်ပါစေ သုသုရေ။

Credit – Cele Zone
Photo – Nyi Nyi Maung




Credit – Cele Zone
Photo – Nyi Nyi Maung