


Crd ;

Rap သီချင်းတွေကို သီဆိုတဲ့ ရှားရှားပါးပါး မိန်းကလေးအဆိုတော် ငယ်ငယ်က ACID အဖွဲ့နဲ့ သီချင်းတွေသီဆိုရင်း လူသိများ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ငယ်က စိုင်းစိုင်းခမ်းလှိုင်နဲ့လည်း သီချင်းတွေတော်တော်များများမှာ သီဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်ကြီး Rap အမျိုးသမီးအဆိုတော်လေးတစ်ယောက်ဖြစ်သူ ငယ်ငယ်ကတော့ လက်ရှိမှာ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး ချစ်ခင်ကြင်နာခင်ပွန်းဖြစ်သူနဲ့အတူသာယာပျော်ရွှင်အေးချမ်းတဲ့မိသားစုနဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်နော်.။အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်း မရှိတော့မယ့် ငယ်ငယ်ကို ချစ်ခင်အားပေးသူ ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေကြဆဲပါပဲနော်.။

ဒီနေ့မှာတော့ ငယ်ငယ်က လက်ရှိ ခေတ်စားနေတဲ့ Camp Site တွေ သွားကာ ညအိပ်အပန်းဖြေနေကြပုံတွေကို ကြည့်ပြီး သူမပိုင်ဆိုင်ထားတဲ့ ခြံလေးကလည်း ကြည့်ကောင်းကာ လှပနေပုံလေးတွေကို “Camp site တွေ ခေတ်စားနေလို့ ကိုယ့်ခြံပုံ ကိုယ်တင်တာ ၊ ဘယ်သူ့မှ မငှားဘူး” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ လှပပြီး အေးချမ်းတဲ့ ငယ်ငယ်ရဲ့ ခြံကတော့ တကယ့်အမိုက်စား ပါပဲနော်..ပရိသတ်ကြီး.။

Crd ;