



ာမည်လေး ဆန်းပြီးလှသလို လူလေး လည်း ချစ်စရာ ကောင်းလွန်းတဲ့ ပိုးမမှီသာ ကတော့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ မြေတောင် မြှောက်ပေးမှုနဲ့ အနုပညာလောက မှာ တောက်ပတဲ့ ကြယ်ပွင့် တစ်ပွင့်ဖြစ်လို့ လာတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာ ကတော့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ SAI Cosnetic ကြော်ငြာ ၊ သိင်္ခါရသီချင်းတစ်ပုဒ် MV၊ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင် ဇာတ်ကားကြီးတို့မှာ ပါဝင် သရုပ်ဆောင်ပေးခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင် နဲ့ မောင်နှမ လိုတောင် ရင်းရင်းနှီးနှီး ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ပိုးမမှီသာ ကို စိုင်းစိုင်းခမ်းလှိုင် နဲ့အတူတူ တွဲမြင် ကြတဲ့အထိ ချစ်ကြ အားပေး ကြတာပဲ ဖြစ်ပါတယ်။

ဒီက နေ့မှာတော့ ပိုးမမှီ သာက သူမ ရဲ့ စီနီယာ အစ်ကိုတစ်ယောက် ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ ဂီတမှတ်တိုင်တစ်ခု အတွက် ဝမ်းသာ ဂုဏ်ယူကြောင်း ပြသလာပါတယ်။ ထက်ထက်မိုးဦး က ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Prak Bom နဲ့ “Red Light” သီချင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ပြီး စိုင်းစိုင်းခမ်းလှိုင် အတွက် ထပ်တူဝမ်းသာ ဂုဏ်ယူကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုးမမှီသာ ကတော့ သူမကို အနုပညာလမ်းကြောင်း ပေါ်ရောက်အောင် မြေတောင် မြှောက်ပေးခဲ့တဲ့ စီနီယာ အစ်ကိုကြီး စိုင်းစိုင်းခမ်းလှိုင် အတွက် တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ကိုယ့်နိုင်ငံက အနုပညာရှင် တစ်ယောက် အခုလိုမျိုး တိုင်းတစ်ပါး အထိ ထိုးဖောက် နိုင်တဲံအပေါ် ဂုဏ်ယူနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Source: Poe Mamhe Thar’s fb
Credit ; Cele Connections