



သက်ရှိအရုပ်မလေးတစ်ရုပ်လို ချစ်စရာကော င်းလွန်းတဲ့ နန်းဆုရတီစိုးကတော့ လူလေးချစ်စရ ာကောင်းရုံသာမက ချိုသာတဲ့ အသံလေးကိုလည်း ပိုင်ဆိုင်ထားတာမို့ သရုပ်ဆောင်လောကမှာရော ဂီတလောကမှာပါ အောင်မြ င်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဆုပေမယ့် ငယ်ရွယ်သူတွေ လိုက်လို့မမှီနိုင်အောင် လှပနုပျိုနေဆဲ ဖြစ်ပါတယ်။ နန်း ဆုကလည်း သူမရဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်လု ပ်ကိုင်နေရင်း တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

အနုပညာလောကမှာ ကျင်လည်နေတာ ဆယ်စုနှစ်ကျော် တိုင်ရှိနေပြီဖြစ်တဲ့ နန်းဆုရတီစိုးက ဒီကနေ့မှာတော့ သူမဝန် းရံအားပေးရမယ့် အဆိုတော်လေးတစ်ယောက်အကြောင်း ပြောပြလာပါတယ်။ နန်းဆုရ တီစိုးက မကြာခင်မှာ ထွက်ရှိမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Red Light ဆိုတဲ့ သီချင်းသစ်လေးမှာ ပါဝင်သီဆိုမယ့် အဆိုတော်ကို ချစ်တဲ့စိတ်နဲ့ ဝန်းရံအားပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း “ကိုယ့် အချစ်နဲ့ဆိုတာ သိကတည်းက ဝန်းရံဖို့စောင့်နေတာကြာပါပြီရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြောလာတာပ ဖြစ်ပါတယ်။

နန်းဆုရတီစိုးကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချ င်းသစ်မှာ ပါဝင်သီဆိုမယ့်အဆိုတော်က သူမသိပြီးသားသူတစ်ယောက်ဖြစ်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Red Light သီချင်းမှာ စိုင်းစိုင်းနဲ့အတူတူ သီဆိုမယ့် အဆိုတော် က ဘယ်သူများဖြစ်မလဲ စိတ်ဝင်စားနေလောက်ပြီ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပ ါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nansu Yati Soe’s fb
Credit – Cele Connections