သံစဥ္မ်ားနဲ႔ကမာၻ သီခ်င္းဆိုၿပိဳင္ပြဲကေန အႏုပညာေလာကထဲဝင္ေရာက္လာတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္ခ်မ္းခ်မ္းကေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ ေအာင္ျမင္မႈအခိုင္အမာရရွိထားသူပဲျဖစ္ပါတယ္။ သူမရဲ႕သီခ်င္းေလးေတြကလည္း ပရိသတ္ေတြအႀကိဳက္နဲ႔ထပ္တူက်ေလ့ရွိၿပီး ေရပန္းစားေအာင္ျမင္ေလ့ရွိတယ္ဆိုရမွာပါ ။

လတ္တေလာမွာေတာ့ သူမရဲ႕ သီခ်င္းသစ္ေလးတစ္ပုဒ္ကို ပရိသတ္ေတြေရွ႕ အေရာက္ပို႔ေပးေတာ့မွာျဖစ္တယ္လို႔သိရပါတယ္ ။ ပရိသတ္ေတြအတြက္ မၾကာခင္ ခ်မ္းခ်မ္း နဲ႔ ဇင္မင္းထက္ရဲ႕ စုံတြဲသီခ်င္းသစ္ေလး ထြက္ရွိလာေတာ့မွာျဖစ္ၿပီး ေစာင့္ေမွ်ာ္အားေပးၾကဖို႔ ပရိသတ္ေတြကို သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေတာင္းဆိုခဲ့တာျဖစ္ပါတယ္ ။

သီခ်င္းေလးရဲ႕ အမည္ကေတာ့ ဘဝေရစက္ လို႔ အမည္ရၿပီး ေတးေရး ရယ္ဂ်ီက ေရးသားေပးထားတာပဲျဖစ္ပါတယ္ ။ ဒီ ဘဝေရစက္ လို႔အမည္ေပးထားတဲ့ ေတးသီခ်င္းအသစ္ေလးကို ေဖေဖာ္ဝါရီလ ပထမ အပတ္မွာ Music Video နဲ႔အတူထြက္ရွိလာမွာျဖစ္တယ္လို႔သိရပါတယ္ ။ ခ်မ္းခ်မ္းကို ခ်စ္တဲ့ ဆယ္လီကမာၻ ပရိသတ္ႀကီးကလည္း စုံတြဲသီခ်င္းအသစ္ေလးထြက္လာရင္ အားေပးၾကပါဦးေနာ္ ။

Source : Chan Chan
Credit (Cele Gabar)

သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲဝင်ရောက်လာတဲ့ နိုင်ငံကျော်အဆိုတော်ချမ်းချမ်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျလေ့ရှိပြီး ရေပန်းစားအောင်မြင်လေ့ရှိတယ်ဆိုရမှာပါ ။

လတ်တလောမှာတော့ သူမရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ အရောက်ပို့ပေးတော့မှာဖြစ်တယ်လို့သိရပါတယ် ။ ပရိသတ်တွေအတွက် မကြာခင် ချမ်းချမ်း နဲ့ ဇင်မင်းထက်ရဲ့ စုံတွဲသီချင်းသစ်လေး ထွက်ရှိလာတော့မှာဖြစ်ပြီး စောင့်မျှော်အားပေးကြဖို့ ပရိသတ်တွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တောင်းဆိုခဲ့တာဖြစ်ပါတယ် ။

သီချင်းလေးရဲ့ အမည်ကတော့ ဘဝရေစက် လို့ အမည်ရပြီး တေးရေး ရယ်ဂျီက ရေးသားပေးထားတာပဲဖြစ်ပါတယ် ။ ဒီ ဘဝရေစက် လို့အမည်ပေးထားတဲ့ တေးသီချင်းအသစ်လေးကို ဖေဖော်ဝါရီလ ပထမ အပတ်မှာ Music Video နဲ့အတူထွက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ် ။ ချမ်းချမ်းကို ချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးကလည်း စုံတွဲသီချင်းအသစ်လေးထွက်လာရင် အားပေးကြပါဦးနော် ။

Source : Chan Chan
Credit (Cele Gabar)