Source: Paing Takhon
ပရိသတ်ကြီးရေ လှပတဲ့အသားအရေ နဲ့အတူ ကြည့်ကောင်းတဲ့အရပ်အမောင်းနဲ့ မင်းသားချော ပိုင်တံခွန်ကတော့ မြန်မာပရိသတ်များသာမက ထိုင်းနိုင်ငံ နဲ့ကမ္ဘောဒီးယား ပရိသတ်တွေရဲ့ အသည်းတွေကိုပါ ကိုင်လှုပ်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ Hollywood တက်ဖို့ လမ်းကြောင်းတွေရှိတယ်လို့လည်း မကြာသေးမှီကာလတုန်းက သတင်းတွေထွက်လာခဲ့တဲ့အပေါ်မှာလည်း မြန်မာပရိသတ်များက ပိုင်တံခွန်အတွက် ဂုဏ်ယူခဲ့ရပြန်ပါတယ်…။စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပိုင်တံခွန်က ပြည်သူတွေဘက်မှာကနေ ပထမဆုံးရပ်တည်လာခဲ့တဲ့ အနုပညာရှင်ပဲ ဖြစ်တာကြောင့် ပရိသတ်များကလည်း ပိုင်တံခွန်ကို ပိုပြီး အားရကျေနပ်မှုတွေ ရှိခဲ့ရပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ရေးမှာလည်း ဝါရင့်အနုပညာရှင်တွေတောင် ပြည်သူတွေဘက်ကနေ ဝန်းရံဖို့ ချိန်ဆနေကြတဲ့အချိန်မှာ ပိုင်တံခွန်ကတော့ သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေ ဝန်းရံလာခဲ့တာ ဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေ ရေးသားထားခဲ့မှုတွေကြောင့် နိုင်ငံခြားသတင်းတွေထဲမှာတောင် မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့အတူ ပိုင်တံခွန်ရဲ့ ဓါတ်ပုံတွေကို တွဲရက်ဖော်ပြခံခဲ့ရပြီး ဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်းမှာလည်း ပိုင်တံခွန်က လူမှုကွန်ယက်စာမျက်နှာထက်ကနေ CDM မှာပါဝင်ကြဖို့ ဝန်ထမ်းတွေကိုလည်း နိုးဆော်ထားပြီး တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ဝန်းရံနေဆဲဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ ပိုင်တံခွန်ကတော့ ပြည်သူတွေနဲ့အတူ လမ်းမပေါ်မှာ တိတ်ဆိတ်စွာ ဆန္ဒပြခဲ့ပုံတွေကိုလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲဲ့ပြီဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ သူမတူအောင် ဝန်းရံလာခဲ့ပုံတွေကြောင့်လည်း ပရိသတ်တွေမှာ အားအင်တွေနဲ့အတူအချစ်တွေတိုးလာရပြန်ပြီ ဖြစ်ပါတယ်…။ ပရိသတ်ကြီးလည်း ပိုင်တံခွန် ရဲ့ဝန်းရံမှူလေးကို အသိအမှတ်ပြုတဲ့စာလေးရေးသားပေးပါအုံးနော်..။
Source: Paing Takhon
Leave a Comment
Your email address will not be published. Required fields are marked *