ပရိတ်သတ်ကြီးရေ…လူရွှင်တော်တစ်ဦးအဖြစ် ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့သူကတော့ ပြည်သူချစ်ဟာသလူရွှင်တော်ကိုပိုးလေးပဲ ဖြစ်ပါတယ်။ ပိုးလေးဟာဆ်ိုရင် ဟားငါးကောင် လူရွှင်တော်အဖွဲ့ဝင်တစ်ဦးပဲ ဖြစ်ပြီး ဖေဖော်ဝါရီလအစကတည်းမှစပြီး ပြည်သူတွေနဲ့ အတူ တစ်သားတည်းရပ်တည်ကာ လမ်းမပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ တော်လှန်ရေးတိုက်ပွဲအတွက် လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်ပညာသင်ကြားနေတာ ဖြစ်ပါ တယ်။

ပိုးလေးကတောထဲမှာ နေထိုင်စဉ်အတွင်းသူတို့ရဲ့ နေထိုင်စားသောက်ပုံတွေကို ပြည်သူတွေ သိရှိရအောင် အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မနေ့ကလည်း ပိုးလေးရဲ့ လူမှုကွန်ယက်မှာ ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အကောင်တွေ အကိုက်ခံ ထားရတာကြောင့် ကျောပြင်တစ်ခုလုံး အနီစက်တွေနဲ့ အနာတွေပါ ပေါက်နေတာဖြစ်ပါတယ်။ သူတို့တွေဟာ တောထဲမှာ တာလပတ်မိုးပြီး ဝါးလုံးများဖြင့် အိမ်လေး ဆောက်ထားကြတာ ဖြစ်ပြီးမိုးသည်းထန်စွာ ရွာတဲ့နေ့တွေမှာ အတော်လေးကို အဆင်မပြေ နေထိုင်နေကြရတာ ဖြစ်ပါ တယ်။

ပိုးလေးကလည်း ” ဘာကောင်တွေကိုက်တာလည်းတော့မသိဘူး ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနာသက်သာစေမယ့် ဆေးနည်းလေးတွေ ဝေမျှ ရေးသားပေးနေကြတာ ဖြစ်ပါတယ်။ အခုလို ပြည်သူတွေအတွက်ဒုက္ခတွေကို ခါးစည်းခံပေးနေကြသူများ အားလုံးကို ကျေးဇူးတင်ရှိရင်း ဘေးအန္တရာယ် ကင်းရှင်းပြီး ချစ်ရသူတွေနဲ့ အမြန်ဆုံး ပြန်လည် ဆုံဆည်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါ တယ်နော်။

Source and Photo Crd-ပိုးလေး အဖာစနာဆရာကြီး’s Facebook Account

Credit

ပရိတ္သတ္ႀကီးေရ…လူရႊင္ေတာ္တစ္ဦးအျဖစ္ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေအာင္ ဟာဒယရႊင္ေဆး တိုက္ေကၽြးခဲ့သူကေတာ့ ျပည္သူခ်စ္ဟာသလူရႊင္ေတာ္ကိုပိုးေလးပဲ ျဖစ္ပါတယ္။ ပိုးေလးဟာဆ္ိုရင္ ဟားငါးေကာင္ လူရႊင္ေတာ္အဖြဲ႕ဝင္တစ္ဦးပဲ ျဖစ္ၿပီး ေဖေဖာ္ဝါရီလအစကတည္းမွစၿပီး ျပည္သူေတြနဲ႔ အတူ တစ္သားတည္းရပ္တည္ကာ လမ္းမေပၚထြက္ၿပီးဆႏၵထုတ္ေဖာ္ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ေတာ္လွန္ေရးတိုက္ပြဲအတြက္ လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ စစ္ပညာသင္ၾကားေနတာ ျဖစ္ပါ တယ္။

ပိုးေလးကေတာထဲမွာ ေနထိုင္စဥ္အတြင္းသူတို႔ရဲ့ ေနထိုင္စားေသာက္ပုံေတြကို ျပည္သူေတြ သိရွိရေအာင္ အျမဲလိုလို ေဝမၽွေပးေနတာ ျဖစ္ပါတယ္။ မေန႔ကလည္း ပိုးေလးရဲ့ လူမႈကြန္ယက္မွာ ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ အေကာင္ေတြ အကိုက္ခံ ထားရတာေၾကာင့္ ေက်ာျပင္တစ္ခုလုံး အနီစက္ေတြနဲ႔ အနာေတြပါ ေပါက္ေနတာျဖစ္ပါတယ္။ သူတို႔ေတြဟာ ေတာထဲမွာ တာလပတ္မိုးၿပီး ဝါးလုံးမ်ားျဖင့္ အိမ္ေလး ေဆာက္ထားၾကတာ ျဖစ္ၿပီးမိုးသည္းထန္စြာ ရြာတဲ့ေန႔ေတြမွာ အေတာ္ေလးကို အဆင္မေၿပ ေနထိုင္ေနၾကရတာ ျဖစ္ပါ တယ္။

ပိုးေလးကလည္း ” ဘာေကာင္ေတြကိုက္တာလည္းေတာ့မသိဘူး ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အနာသက္သာေစမယ့္ ေဆးနည္းေလးေတြ ေဝမၽွ ေရးသားေပးေနၾကတာ ျဖစ္ပါတယ္။ အခုလို ျပည္သူေတြအတြက္ဒုကၡေတြကို ခါးစည္းခံေပးေနၾကသူမ်ား အားလုံးကို ေက်းဇူးတင္ရွိရင္း ေဘးအႏၲရာယ္ ကင္းရွင္းၿပီး ခ်စ္ရသူေတြနဲ႔ အျမန္ဆုံး ျပန္လည္ ဆုံဆည္းၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါ တယ္ေနာ္။

Source and Photo Crd-ပိုးေလး အဖာစနာဆရာႀကီး’s Facebook Account

Credit