ပရိတ်သတ်ကြီးရေ….ဝေဠူကျော်ကတော့ပရဟိတအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လှူဒါန်းမှုတွေကို အဆက်မပြတ်ပြုလုပ်နေတာ ဖြစ်ပါတယ်။ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် အစားအသောက်တွေ ပေးဝေလှူဒါန်းကာ နေ့စဉ်နဲ့အမျှ လှူဒါန်းကုသိုလ်ယူနေတာလည်း တွေ့ရပါတယ်။

ခုလိုကာလမှာလည်း စားဝတ်နေရေး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကိုယ်တိုင်လည်းပါဝင်လှူဒါန်းသလို အလှူရှင်တွေကိုယ်စားလည်း သွားရောက်ကာ ကူညီဖေးမလှူဒါန်းခြင်းတွေပြုလုပ်ပေးလျက်ရှိပါတယ်။ဒီနေ့မှာတော့ သူကိုယ်တိုင်ကူညီကာအိမ်အသစ်လေးဆောက်လုပ်ပေးနေတဲ့ တောင်ဥက္ကလာကျူးမှာနေထိုင်တဲ့ မိသားစုဝင်ထဲက အငယ်ဆုံးကလေးလေး ဆုံးပါးသွားတာနဲ့ပတ်သက်ပြီး အလွန်အမင်းစိတ်မကောင်းဖြစ်နေကြောင်းခုလိုဖော်ပြလာပါတယ်။

“ဒီကလေးလေး ဆုံးသွားရှာပြီ။တောင်ဥက္ကလာ ကျူးကပါ မောင်နှမ ရယောက်ထဲက အငယ်ဆုံး အမွှာထဲက တစ်ယောက်ပေါ့။ သားသမီးကများ အလုပ်အကိုင်က ပလုံကောက်မိသားစု ၊ဝါးအိမ်လေး အသစ်ပြန်ဆောက်ထားပေမယ့် အမိုးအကာ အပြီးထိ မလုပ်နိူင်သေး။ ကိုယ်တွေအဖွဲ့ သွားမိုးကာပေးတော့ အနာပေါက်နေမှန်းသိတော့ ကလေးကို ဆေးရုံပို့ပေးခဲ့တယ်။၂ရက်ပဲအကြာ ကလေးအသည်းအသန်ဖြစ်လို့ မနက်စောစော ဆေးရုံ နောက်တစ်ခေါက်ထပ်ပို့ပေးခဲ့တယ်။ ဆေးရုံမှာ ကလေး ဆုံးရှာတယ်။ အနာတွေက ပိုးဝင်ပြီး နောက်ကျသွားတာပါ။ ပထမ ဆန်ဆီ လှူပေးတုန်းကတောင် ချီပိုးခဲ့သေးတယ်။ အခုတော့ ငယ်ငယ်နဲ့ပဲ လောကကြီးကို စွန့်ခွာသွားရှာတယ်။ အခုတော့ အိမ်လေးပြီးသွားလို့ မိသားစုတွေ မပျော်နိူင်တော့ဖူးလေ။ ဆင်းရဲခြင်း၊ဗဟုသုတနည်းပါးခြင်းတွေရဲ့ အကျိုးဆက်တွေပေါ့။ ကောင်းရာသုဂတိလားပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ။ နောင်ဘဝတွေမှာ အသက်ရှည် ကျမ်းမာပါစေကွယ်။ “ဆိုတဲ့စာလေးပဲဖြစ်ရာပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Wai Lu Kyaw