


Credit – Cele Zone
Photo – Cele Gabar

ပရိတ်သတ်ကြီးရေ စွမ်းဇာနည်ကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေး ပရိသတ်တွေကြွေနေရတာပါ ။ စွမ်းဇာနည်က ရုပ်ချောရုံတင်မက အဆို၊အကကောင်းပြီး သရုပ်ဆောင်တော်တဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်ဆိုလည်း မမှားပါဘူး ။ သူကတော့ အချိန်အတော်ကြာအောင် ဇာတ်မင်းသားအဖြစ်ရော သရုပ်ဆောင် မင်းသားအဖြစ်ပါ အနုပညာအလုပ်တွေကိုလုပ်ကိုင်ပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ စွမ်းဇာနည်က အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့်လည်း ပရိသတ်တွေက သူ့ကိုချစ်ခင်အားပေးနေဆဲ ဖြစ်ပါတယ် ။ အမြဲလိုလို ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လှုပ်ရှားမှုလေးတွေကို ဖော်ပြလေ့ရှိတာ လည်းတွေ့ရပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာမောင်နှမတွေနဲ့အတူတူ မြန်မာပလာဇာရှေ့မှာ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ပြနေတာတွေ့ ရပြီး ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit – Cele Zone
Photo – Cele Gabar