


Credit ; Swelsone News

မင်းသမီးထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ကာ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ပြည့်စုံသူတစ်ယောက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးထားသူတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိနုပျိုလှပနေဆဲဖြစ်တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ချစ်စရာ​ကောင်းတဲ့ပုံစံလေးနဲ့ဆော့ကစားထားတဲ့Tiktokလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိတဲ့ သူမကတော့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးလျက်ရှိနေတဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။

သူမကတော့ ယခုမှာ ချစ်စရာကောင်းတဲ့ ကလေးလေးနဲ့အတူ Tiktokလေးအပီအပြင်ဆော့ကစားရင်း ဆယ်ကျော်သက်လေးတစ်ယောက်လို ပျော်ရွှင်ရယ်မောနေခဲ့ပါတယ်။ အရမ်းချစ်စရာကောင်းလွန်းတဲ့ သူမရဲ့Tiktokလေးဟာ ကြည့်မိသူတိုင်းကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ကလေးငယ်လေးနဲ့အတူပျော်ရွှင်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Credit ; Swelsone News