မင္းသမီးေခ်ာေလး စမိုင္းလ္ကေတာ့ ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာေတြကို ပိုင္ဆိုင္ထားၿပီး အႏုပညာအလုပ္ေတြကို အနည္းအက်ဥ္းလုပ္ေဆာင္ေနတဲ့သူတစ္ဦးျဖစ္ပါတယ္။ၿပီးျပည့္စုံၿပီး သာယာတဲ့မိသားစုဘဝေလးကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြအားက်ခ်စ္ခင္ေနရတဲ့ ခ်စ္စရာမိသားစုေလးပါပဲ။

ဒါ့အျပင္ စမိုင္းလ္တို႔မိသားစုက အလႉအတန္းဆိုလည္း အရမ္းရက္ေရာၾကၿပီး မၾကာခဏလႉဒါန္းေနၾကတာျဖစ္ပါတယ္။စီးပြားေရးမွာလည္း အဘက္ဘက္ကေအာင္ျမင္ေနတာျဖစ္ၿပီး အခုလည္း စမိုင္းလ္တို႔ဇနီးေမာင္ႏွံက ေနာက္ထပ္ေျခလွမ္းအသစ္တစ္ခုအျဖစ္ “Smile Mart” ကို ဖြင့္လွစ္ထားၿပီလည္း ျဖစ္ပါတယ္ ။

စမိုင္းလ္တို႔မိသားစုေလးကို ပရိသတ္ေတြက ခ်စ္ၾကလို႔ သူတို႔ရဲ့လႈပ္ရွားမႈပုံရိပ္ေလးေတြကို အျမဲေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။စမိုင္းလ္ကလည္း လႈပ္ရွားမႈတိုင္းကို အျမဲေဖာ္ျပေလ့ရွိရာ အခုလည္းသူမ ၁၅ ႏွစ္အရြယ္က သ႐ုပ္ေဆာင္ခဲ့တဲ့ ဗီဒီယိုေလးတစ္ခုကို အမွတ္တရထုတ္ျပလာတာျဖစ္ပါတယ္။ သြက္သြက္လက္လက္နဲ႔ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ေနတဲ့ စမိုင္းလ္ရဲ့ ဗီဒီယိုေလးကို ပရိသတ္ေတြႀကိဳက္ႏွစ္သက္ၾကမွာအမွန္ပါပဲေနာ္ ။ ပရိသတ္ႀကီးလည္း ဗီဒီယိုေလးကို ၾကည့္လိုက္ရေအာင္ေနာ္။

Credit – Cele Zone
Photo – Smile

မင်းသမီးချောလေး စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ပြီးပြည့်စုံပြီး သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ချစ်စရာမိသားစုလေးပါပဲ။

ဒါ့အပြင် စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏလှူဒါန်းနေကြတာဖြစ်ပါတယ်။စီးပွားရေးမှာလည်း အဘက်ဘက်ကအောင်မြင်နေတာဖြစ်ပြီး အခုလည်း စမိုင်းလ်တို့ဇနီးမောင်နှံက နောက်ထပ်ခြေလှမ်းအသစ်တစ်ခုအဖြစ် “Smile Mart” ကို ဖွင့်လှစ်ထားပြီလည်း ဖြစ်ပါတယ် ။

စမိုင်းလ်တို့မိသားစုလေးကို ပရိသတ်တွေက ချစ်ကြလို့ သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။စမိုင်းလ်ကလည်း လှုပ်ရှားမှုတိုင်းကို အမြဲဖော်ပြလေ့ရှိရာ အခုလည်းသူမ ၁၅ နှစ်အရွယ်က သရုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုလေးတစ်ခုကို အမှတ်တရထုတ်ပြလာတာဖြစ်ပါတယ်။ သွက်သွက်လက်လက်နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နေတဲ့ စမိုင်းလ်ရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကြိုက်နှစ်သက်ကြမှာအမှန်ပါပဲနော် ။ ပရိသတ်ကြီးလည်း ဗီဒီယိုလေးကို ကြည့်လိုက်ရအောင်နော်။

Credit – Cele Zone
Photo – Smile