


unicode

တစ်မူထူးခြားတဲ့ အနုပညာ စွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလည်း နှစ်သက်စွာ အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ပြည်သူချစ် မင်းသမီးလေးတစ်ဦး ဖြစ်လို့နေတဲ့အပြင် သူမရဲ့ အနုပညာဝါသနာပါတဲ့ ညီမလေး စိမ်းလဲ့ကိုလည်း သူဝါသနာပါရာ အနုပညာလမ်းမပေါ်ရောက်ဖို့အတွက် မြေတောင်မြှောက်ပေးနေတာပဲ ဖြစ်ပါတယ်..။

စိမ်းလဲ့လေးကလည်း အစ်မဖြစ်တဲ့သရုပ်ဆောင် နေခြည်ဦးနဲ့အတူတူ အနုပညာလှုပ်ရှားမှုတွေရှိလာပြီဖြစ်ပြီး ကိုယ်ပိုင်ပရိသတ်တွေလည်းရှိနေတဲ့အပြင် ပရိသတ်တွေပြုလုပ်ပေးထားတဲ့ Fan Group တွေလည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေခြည်ဦးက ညီမလေးစိမ်းလဲ့ကိုချစ်တဲ့ပရိသတ်တွေ ဖန်တီးပေးထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေရင်း “ သူမရဲ့ real fan တစ်ယောက်က ပြန် share သွားသည် 😘😘 ” ဆိုပြီး ညီမလေး စိမ်းလဲ့ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ကြောင်း ပြောလာပါတယ်..။

နေခြည်ဦးနဲ့ စိမ်းလဲ့ရတနာတို့ညီအစ်မကတော့ အသက်ဆယ်နှစ်ကွာတဲ့ ညီအစ်မတွေဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ရင်းရင်းနှီးနှီးနဲ့ ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ကို နေခြည်လိုပဲ ချစ်ပြီး အားပေးကြပါဦးလို့ တောင်းဆိုပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။

Source: Nay Chi Oo’s fb
Bilie – Cele Connections