ပရိတ္သတ္ၾကီးေရ လူငယ္ေလးေတြအမ်ားဆုံးပါဝင္ဆႏၵထုတ္ေဖာ္ေနတဲ့ ျမန္မာနိုင္ငံရဲ့ ေႏြဦးေတာ္လွန္ေရးတိုက္ပြဲႀကီးမွာအဓိကက်တဲ့ သူရဲေကာင္းေလးေတြကေတာ့ GenY GenZ ေလးေတြဆိုလည္းမမွားပါဘူး။ ရဲရဲရင့္ရင့္ရွိၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လည္း စည္းလုံးမႈရွိကာ တီထြင္ႀကံဆမႈေတြေကာင္းလြန္းတာေၾကာင့္ ျပည္သူအားလုံးကေလးစားခ်ီးက်ဴးေနၾကတာလည္းျဖစ္ပါတယ္။သူတို႔ကိုယ္တိုင္လည္း ေရွ႕တန္းကေန လႈပ္ရွားမႈေတြျပဳလုပ္သလို ၿဖိဳခြင္းခံရမႈေတြကိုလည္း အကာအကြယ္အျပည့္အစုံနဲ႔ တိုက္ခိုက္ကာကြယ္ေပးခဲ့တာပဲျဖစ္ပါတယ္။

ေယာက်ာ္းေလးေတြကလည္း ရဲရဲဝင့္ဝင့္ပါဝင္ကာကြယ္ၾကသလို မိန္းကေလးေတြကလည္း ေယာကၤ်ားထုႀကီးနဲ႔အၿပိဳင္လမ္းမေပၚထြက္ကာ ဆႏၵထုတ္ေဖာ္မႈေတြျပဳလုပ္ေနၾကတာလည္း တစ္ကယ္ကိုေလးစားစရာပါ။ျပည္သူအားလုံးက သူတို႔တတ္နိုင္တဲ့ဘက္ကေန ရသေလာက္တီထြင္ႀကံဆကာ အစြမ္းကုန္ ႀကိဳးစားေနၾကတာလည္းျဖစ္ပါတယ္။

အခုလည္း အဆိုေတာ့ေနဝင္းက Beatbox နဲ႔ သံၿပိဳင္ဟစ္ေႂကြးကာ ဆႏၵထုတ္ေဖာ္ေနတဲ့ GenY GenZ ေလးေတြရဲ့ဗီဒီယိုေလးကိုတင္ကာ သူတို႔ေလးေတြရဲ့ တီထြင္နိုင္တဲ့အစြမ္းကို ခ်ီးက်ဴးစကားေလးဆိုထားတာျဖစ္ပါတယ္။” ကိုယ္ေတြ ေက်ာက္ေျမာင္း က G-FAM သီခ်င္းေလးနဲ႔ Beatbox ေလးရယ္ ဆိုေတာ့ကာ မိုက္ေနျပန္ေရာ … ေနာက္ေန႔ေတြဆိုင္းဘုတ္ေတြျပန္ကိုင္ရမယ္ … အေရးေတာ္ပုံေအာင္ရမည္ “ဆိုတဲ့စာေလးပဲျဖစ္ရာ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Nay Win

ပရိတ်သတ်ကြီးရေ လူငယ်လေးတွေအများဆုံးပါဝင်ဆန္ဒထုတ်ဖော်နေတဲ့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာအဓိကကျတဲ့ သူရဲကောင်းလေးတွေကတော့ GenY GenZ လေးတွေဆိုလည်းမမှားပါဘူး။ ရဲရဲရင့်ရင့်ရှိပြီး တစ်ယောက်နဲ့တစ်ယောက်လည်း စည်းလုံးမှုရှိကာ တီထွင်ကြံဆမှုတွေကောင်းလွန်းတာကြောင့် ပြည်သူအားလုံးကလေးစားချီးကျူးနေကြတာလည်းဖြစ်ပါတယ်။သူတို့ကိုယ်တိုင်လည်း ရှေ့တန်းကနေ လှုပ်ရှားမှုတွေပြုလုပ်သလို ဖြိုခွင်းခံရမှုတွေကိုလည်း အကာအကွယ်အပြည့်အစုံနဲ့ တိုက်ခိုက်ကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ယောကျာ်းလေးတွေကလည်း ရဲရဲဝင့်ဝင့်ပါဝင်ကာကွယ်ကြသလို မိန်းကလေးတွေကလည်း ယောင်္ကျားထုကြီးနဲ့အပြိုင်လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေကြတာလည်း တစ်ကယ်ကိုလေးစားစရာပါ။ပြည်သူအားလုံးက သူတို့တတ်နိုင်တဲ့ဘက်ကနေ ရသလောက်တီထွင်ကြံဆကာ အစွမ်းကုန် ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။

အခုလည်း အဆိုတော့နေဝင်းက Beatbox နဲ့ သံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်နေတဲ့ GenY GenZ လေးတွေရဲ့ဗီဒီယိုလေးကိုတင်ကာ သူတို့လေးတွေရဲ့ တီထွင်နိုင်တဲ့အစွမ်းကို ချီးကျူးစကားလေးဆိုထားတာဖြစ်ပါတယ်။” ကိုယ်တွေ ကျောက်မြောင်း က G-FAM သီချင်းလေးနဲ့ Beatbox လေးရယ် ဆိုတော့ကာ မိုက်နေပြန်ရော … နောက်နေ့တွေဆိုင်းဘုတ်တွေပြန်ကိုင်ရမယ် … အရေးတော်ပုံအောင်ရမည် “ဆိုတဲ့စာလေးပဲဖြစ်ရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Nay Win

Leave a Comment

Your email address will not be published. Required fields are marked *